
ကြက်တူရွေးများ စကား ပြောနိုင်သည့် အကြောင်းရင်းကို သိရှိရပြီ ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
ကြက်တူရွေးများ၏ ဦးနှောက် အတွင်းတွင် တခြားငှက်များနှင့် မတူ ထူးခြားသည့် ဖွဲ့စည်းပုံ ရှိနေခြင်းကြောင့် လူသား၏ အသံကို တုပ ပြောဆိုနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
ကြက်တူရွေး ဦးနှောက် လှုပ်ရှားပုံများကို လေ့လာခြင်းဖြင့် လူစကား ပြောဆိုရာတွင် လှုပ်ရှားသော အာရုံကြော လှုပ်ရှားပုံ နည်းလမ်းများကိုပါ သိမြင် လာစေနိုင်ကြောင်း သိရသည်။
အဆိုပါ သုတေသနကို မြောက်ကာရိုလိုင်းနားရှိ ဒုခ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သုတေသန တွေ့ရှိချက်များကို Public Library of Science ONE ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
ကြက်တူရွေးများသည် အသံကို သင်ယူ တုပနိုင်သော သတ္တ၀ါများ အနည်းငယ် အနက် တစ်မျိုး အပါအ၀င် ဖြစ်သည်။
ယင်းသို့ တုပနိုင်ခြင်းမှာ ဦးနှောက် အရွယ်အစားနှင့်လည်း သက်ဆိုင်ကြောင်း သိရသည်။ ထို့ပြင် မျိုးဗီဇ ပုံစံများကို လေ့လာ စမ်းသပ်ရာတွင် ကြက်တူရွေးများ၏ ဦးနှောက်သည် အသံကို တုပနိုင်သည်ဟု ပြောလေ့ ရှိကြသည့် တေးသီငှက်နှင့် ငှက်ပိတုန်းတို့၏ ဦးနှောက် ဖွဲ့စည်းပုံနှင့်လည်း မတူကြောင်း တွေ့ရှိခဲ့ရသည်။
အသံကို မှတ်မိကာ ပြန်ရွတ် နိုင်စေရန် အတွက် သိပ္ပံသဘောအရ ဦးနှောက်သည် အတွင်းလွှာနှင့် အပြင်လွှာ ဟူသော လုပ်ဆောင်ချက် နှစ်လွှာ ပါရှိရသည် ဖြစ်ရာ ကြက်တူရွေးများ၏ ဦးနှောက်သည် ထိုနှစ်မျိုးလုံး စုံလင်စွာ ပါဝင်နေကြောင်း တွေ့ခဲ့ရသည်။
လူသား၏ ပြောစကားကို တုပနိုင်သည့် အခြားသော တေးသီငှက် များထက်ပင် ကြက်တူရွေးများသည် အပြင်လွှာခြမ်း ပိုကြီးနေကြောင်းလည်း လေ့လာ တွေ့ရှိထားသည်။
Source: Daily Mail
Credit: messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။