Saturday, December 23, 2017

ခိုလောက်သာသာ ခန္ဓာကိုယ်နဲ့ အတောင်ပံပါ ဒိုင်နိုဆော


ခိုတစ်ကောင် လောက်သာသာ ခန္ဓာကိုယ်မှာ အတောင်ပါသော ပျံသန်းနိုင်သည့် ဒိုင်နိုဆောမျိုး တကယ် ရှိခဲ့ကြောင်း တရုတ် ပညာရှင်များက ထုတ်ပြလိုက်သည်။ အစောဆုံး ငှက်မျိုး မပေါ်ခင် ရှေ့ပိုင်းက ပေါ်ခဲ့ခြင်း ဖြစ်သည်။
            ဒိုင်နိုဆော ပျံငယ်ကို တရုတ်လို အီချီဟု အမည် ပေးထားသည်။ လွန်ခဲ့သော နှစ်သန်း (၁၆၀) ခန့်က အသက်ရှင် ကျက်စားခဲ့ခြင်း ဖြစ်သည်။ အစောဆုံး ဆိုသော အာချီယိုတာ ငှက်မျိုးထက် နှစ် (၁၀) သန်းလောက် စောသည်။ အီချီ၏ အတောင်ပံသည် အရိုးများဖြင့် ကွက်ရက်ဖွဲ့ တည်ဆောက်ထားပြီး အရေပြားလွှာဖြင့် အုပ်ထားသည်။
             မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်သော ထိုစဉ်က ရှိခဲ့သည့် အကောင်ကြီး ရှူးပျံမျိုး ဖြစ်၏။ အီချီနှင့် သဘောတရား တူသော လင်းနို့များကား နောင်နှစ် သန်း (၁၀၀) လောက်တွင်မှ ပေါ်လာခြင်း ဖြစ်သည်။

            အီချီ၏ တောင်ပံနှစ်ဖက်ကို အစွယ်ချွန် လက်ချောင်း သုံးချောင်းပါသော လက်နဲ့ ထောက်ပေးထားသည်။ အဓိက တောင်ပံကိုင်း အရိုးသည် ခါးမှ ထွက်ကာ နှစ်ဖက် ဖြန့်ထွက်သည်။
            ““အသား၊ အရိုး၊ အရေပြားနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် ယနေ့ ငှက်တွေကို တောင်ပံ မြန်မြန် ခတ်နိုင်ဖို့တော့ မဖြစ်နိုင်ဘူး”” ဟု ပေကျင်းမြို့ရှိ ခါးရိုးရှိ တိရစ္ဆာန် ရုပ်ကြွင်းများနှင့် လူသားဆိုင်ရာ ရုပ်ကြွင်းများဆိုင်ရာ အင်စတီကျုမှ ရုပ်ကြွင်း ဗေဒပညာရှင် ကိုဝင် ဆူလစ်ဗန်က ပြောသည်။
            ““ကျွန်မတို့ အနီးစပ်ဆုံး ခန့်မှန်းချက် အရတော့ အီချီဟာ ရာနှုန်းပြည့် ပျံသန်းနိုင်တဲ့ အကောင်မျိုးတော့ မဖြစ်နိုင်ပါဘူး။ ခုန်ဆွ ခုန်ဆွ သွားမယ်။ လေပေါ် မြောက်နေချိန်မှာ အတောင်ပံခတ်ပြီး လေဟုန်စီးမယ်။ ပြီးရင် မြေပေါ်  အလိုက်သင့် ပြန်ကျမယ်။ အဲဒီလို သွားလာ လှုပ်ရှားတာမျိုး ဖြစ်နိုင်ပါတယ်”” ဟု ဆူလစ်ဗန်က ပြောသည်။
            လေ့လာ သုတေသန အပြည့်အစုံကို Nature ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
Source: AFP
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...