Saturday, December 23, 2017

ကြွက်ဖိုတွေ သီချင်းဆိုတယ်


ကြွက်ဖိုတွေ သီချင်း ဆိုသည်ဟု သိပ္ပံပညာရှင်များက သက်သေ ပြလိုက်ပြီ။
            ငှက်တွေကဲ့သို့ တီတီတာတာနှင့် သေသေချာချာ သီကျူးသည်ဟု သိရသည်။ အထူးသဖြင့် ကြွက်ဖို များသည်  ကြွက်မများကို ဆွဲဆောင်ရန် သီချင်း ဆိုတတ်ကြသည်။ ကြွက်မလေး မြင်ကွင်းထဲမှာ ရှိရင် အသံ တစ်မျိုးနဲ့ ဆိုသလို၊ မြင်ကွင်းက ပျောက်ပြီး အနံ့လောက်သာ ရသော နေရာမှာ ရှိလျှင်လည်း အသံ နောက်တစ်မျိုးနဲ့ ဆိုတတ်ကြကြောင်း လေ့လာ တွေ့ရှိရသည်။
            အမေရိကန် နိုင်ငံ မြောက်ကာ ရိုလိုင်းနား ပြည်နယ်ရှိ  ဒုခ်တက္ကသိုလ်မှ သုတေသန ပညာရှင်များက ကြွက်ထီးနဲ့ ကြွက်မကို လှောင်အိမ်ထဲ အတူထည့်ပြီး တစ်ကြိမ်၊ ကြွက်မကို ကြွက်ဖို မြင်ကွင်းက ဖျောက်ထားပြီး အနံ့လောက်သာ ပေးထားပြီး တစ်ကြိမ် စမ်းကြည့်သည်။
            ကြွက်ဖို၏ တေးသံသည် ကြိမ်နှုန်း မြင့်လွန်းသဖြင့် လူသားများ နားနှင့် မကြားနိုင်။ အထူး ဖန်တီးထားသော အသံ ဖမ်းစက်များဖြင့်သာ ဖမ်းယူကာ နားဆင်နိုင်သည်။ ကြွက်မကို အနံ့လောက်သာရပြီး မြင်ကွင်းထဲတွင် မတွေ့ရသော အနေအထားတွင် ကြွက်ဖိုသည် အသံကို အမြင့်ဆုံး သီဆိုကာ တေးသံသည်လည်း ရှုပ်ထွေး ခက်ခဲသည်။ အဝေးက ကြက်မကို ဆွဲဆောင်နိုင်ရန် ဖြစ်သည်ဟု ပညာရှင်များက ကောက်ချက်ချသည်။

            ကြွက်မကို မြင်ကွင်းထဲတွင် ထားပေးလိုက်သော အခါတွင်ကား ကြွက်ဖိုသည် သီဆိုနှုန်းကို လျှော့ချကာ ခပ်ရိုးရိုးပင် ဆိုကြောင်း တွေ့ရသည်။
            ““မြင်ကွင်းထဲမှာ ရှိနေတဲ့ အချိန်မျိုး ကျတော့ အနားကပ်ပြီး နှူးနှပ်ဖို့က ပိုအရေးကြီးတာကြောင့် သီချင်းကို အင်တိုက် အားတိုက် အသံကုန် ညှစ်ဆိုတာကို လျှော့ချ လိုက်တဲ့ သဘော ဖြစ်ပါတယ်”” ဟု သုတေသန အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဂျော်နသန် ချာဘောက် က ပြောသည်။
            လေ့လာမှု စစ်တမ်း အပြည့်အစုံကို Frontiers of Behavioral Neuroscience ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
Source: Daily Mail
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...