Saturday, December 23, 2017

ငရုတ်သီးတောင့် အစားပြိုင်ပွဲ


  အစားအသောက်  ပြိုင်ပွဲမျိုးစုံ ရှိသည့် အနက် ယခုပြိုင်ပွဲက ပိုထူးခြား နေသည်ဟု ဟြေရမည် ဖြစ်သည်။ တရုတ်နိုင်ငံ  Qiubei အရပ်ဒေသတွင် ပြုလုပ်ခဲ့သည့် အစားအသောက် ပြိုင်ပွဲက ကောင်းမွန်သည့် အစားအစာတွေကို စားရခြင်းမဟုတ်ဘဲ ခွက်အတွင်း ထည့်ထားသော ငရုပ်သီး ကြော်များကို စားပြီး ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
           ယင်းပြိုင်ပွဲကို ငရုတ်သီးတောင့် အစား ပြိုင်ပွဲဟု အမည် ပေးထားသည်။ လှော်ထားသော ငရုတ်သီးတောင့် အနီများကို စားရခြင်း ဖြစ်သည်။ ငရုတ်သီးတောင့်ကို ထိုင်ခုံ ပေါ်တွင် တင်ထားကာ ကိုက်စား ရခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်သူ (၃၀) ဦး ရှိသည်။ ငရုတ်သီးတောင့်ကို စားခြင်းသည် လွယ်ကူသည့် ကိစ္စ မဟုတ်ပေ။

           ထို့သို့သော အနေအထားမျိုးတွင် ငရုတ်သီးတောင့် စားပွဲ ပြိုင်ပွဲဝင်သူသည် ရေသောက်ခြင်း ခွင့်ပြုထားခြင်း မရှိသောကြောင့် အစပ် အရသာကို ခံစား ရမည် ဖြစ်သည်။ သို့သော် ပြိုင်ပွဲဝင်များသည်  အစပ် အရသာကို ခံစားရင်း အနိုင် ရရှိရေး ငရုတ်သီးတောင့်များကို တစ်တောင့်ပြီး တစ်တောင့် စားခဲ့ကြသည်။ အချို့ ပြိုင်ပွဲဝင်များသည် ငရုတ်သီး၏ အစပ်အရသာကို ခံနိုင်ခြင်း မရှိသောကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။ ပထမဆု ရရှိသွားသော အသက် (၂၉) နှစ် အရွယ် ယန်က သုံးမိနစ် အတွင်း ငရုတ်သီးတောင့်  (၂၄)တောင့်ကို စားပြ ခဲ့သည်။ ယင်းမှာ ပြိုင်ပွဲ၏ စံချိန် ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်က ဆုရရှိခဲ့သူသည် ငရုပ်သီးတောင့်  (၁၆) ခု ကိုသာ စားနိုင် ခဲ့ခြင်း ဖြစ်သည်။
            Qiubei အရပ်ဒေသသည် တရုတ် နိုင်ငံရှိ ငရုတ်သီး စိုက်ပျိုးရာ နေရာဖြစ်ပြီး ကမ္ဘာတစ်ဝန်းကို ငရုတ်သီးနှင့် ပတ်သက်သည့် ပစ္စည်းများ ပေးပို့လေ့ ရှိသည်။ ယခုနှစ်တွင် တင်ပို့ခဲ့သော ငရုတ်သီး တန်ဖိုးသည် ဒေါ်လာ သန်း(၁၃၀) အထိ ရှိခဲ့သည်။ ယင်းဒေသတွင် နေထိုင်သူများ အနေဖြင့် အဓိက ၀င်ငွေ ရှာဖွေ ပေးနေသည့် ငရုတ်သီး၏ တန်ဖိုးကို သိရှိနိုင်ရန် ငရုတ်သီးတောင့် အစား ပြိုင်ပွဲကို ကျင်းပ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...