Saturday, December 23, 2017

မျောက်လိုပြေးပြပြီး စံချိန်သစ်တင်ခဲ့တဲ့ ဂျပန်နိုင်ငံသား


ဂျပန်နိုင်ငံသား ကီနီချီကို မျောက်လူသားအဖြစ် အမည်ပေးထားသည်။ ကီနီချီသည် မျောက်ပုံစံကဲ့သို့ပြေးပြီး စံချိန်သစ် တင်နိုင်ခြင်း ဖြစ်သည်။ ဂင်းနစ်စံချိန် မှတ်တမ်း အထိမ်းအမှတ်အနေဖြင့် ယခင်စံချိန် တင်ထားသူများကို စွမ်းရည်များ ပြသစေခဲ့ရာ ကီနီချီသည်  မီတာ (၁၀၀)ကို မျောက်လိုပြေးရာတွင် (၁၅ ဒသမ  ၇၁ ) စက္ကန့်သာ ကြာမြင့်ခဲ့သည်။ တိုကျိုမြို့တွင် ရှိသည့် ပြေးခုန်ပစ်ကွင်းတွင် မျောက်လိုပြေးပြခဲ့ခြင်း ဖြစ်သည်။ ကီနီချီသည် ယခင်စံချိန်ဖြစ်သော တာမာကိုရှီ၏ ( ၁၅ ဒသမ ၈၆ ) စက္ကန့်ကို ချိုးဖျက်ခဲ့ခြင်း ဖြစ်သည်။ ကီနီချီသည် မျောက်လိုပြေးနိုင်ရန်အတွက် မျောက်များကို လေ့လာခဲ့ပြီး (၉)နှစ် လေ့ကျင့်ခဲ့ရကြောင်း သိရသည်။ ခြေထောက်နှင့်လက်ကို အသုံးပြုပြီး အမြန်ပြေးရသောကြောင့် အခက်အခဲများစွာရှိကြောင်း ကီနီချီက ဆိုခဲ့သည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...