Saturday, December 23, 2017

ရှောင်လင် ဘောလုံးသင်တန်းကျောင်း


တရုတ်မင်းသား စတီဖင်ချောင် ပါဝင်သရုပ်ဆောင်ထားသည့်  Shaolin Soccer ဇာတ်ကားကို ကြည့်ရှုဖူး ကြပါလိမ့်မည်။ ယင်းဇာတ်ကားသည် တရုတ်ကိုယ်ခံပညာနှင့် ဘောလုံးကို ပေါင်းစပ် ရိုက်ကူးထားခြင်း ဖြစ်ပြီး၊ လူကြိုက်များခဲ့သည့် ဇာတ်ကားဖြစ်ခဲ့သည်။ ယင်းဇာတ်ကားသည် စိတ်ကူးယဉ်ကားအဖြစ် သတ်မှတ်ခဲ့သော်လည်း ယခုအခါ ရှောင်လင် သင်တန်းကျောင်းတွင် ဘောလုံးပညာကိုပါ သင်ကြားပေးတော့မည် ဖြစ်သောကြောင့် ရှောင်လင် ဆော်ကာသည် လက်တွေ့ဘ၀၌ မြင်တွေ့ခွင့် ရတော့မည် ဖြစ်သည်။
      တရုတ်နိုင်ငံ၊ ဟီနန်ဒေသရှိ ရှောင်လင်သိုင်း ပညာသင်တန်ကျောင်းသည် နိုင်ငံအတွင်း ကိုယ်ခံပညာ သင်ကြားပေးနေသည့် အကြီးဆုံး ကျောင်းများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ ယင်းသင်တန်းကျောင်းတွင် ရှောင်လင်သိုင်းပညာကို သာမက အခြေခံ ဘောလုံးကစားနည်းကိုပါ တွဲဖက်သင်ကြားပေးမည် ဖြစ်သည်။ တရုတ်နိုင်ငံသားများသည် ဘောလုံးအပေါ် စိတ်ဝင်စားမှု ပိုလာသောကြောင့် သိုင်းပညာနှင့် တွဲဖက်သင်ကြားပေခြင်း ဖြစ်ကြောင်း အဆိုပါကျောင်း၏ ကျောင်းအုပ်လျူက ဟြေကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ဘောလုံအားကစား တိုးတက်လာရန် ဒေသခံကောင်စီက ဆောင်ရွက်သည့် အနေဖြင့် ရှောင်လင်ကျောင်းတွင်လည်း သင်ကြားပေးရန် စီစဉ်နေခြင်း ဖြစ်သည်။ ကျောင်းသား (၃၀၀၀၀) ထဲမှ ရွေးချယ်ပြီး အယောက် (၂၀၀) ကို သင်ကြားပေးမည် ဖြစ်သည်။ သို့သော် ဘောလုံးအားကစားနှင့် ရှောင်လင် သိုင်းပညာသည် ဆက်စပ်မှု မရှိသောကြောင့် ထူးချွန်သည့် ကစားသမားများ ဖြစ်လာရန်  မလွယ်ကြောင်း သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။ မည်သို့ပင်ဖြစ်စေ ရုပ်ရှင်ဇာတ်ကားထဲမှ ရှောင်လင် ဆော်ကာသည် အပြင်တွင် တကယ် ဖြစ်လာတော့မည် ဖြစ်သည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...