Saturday, December 23, 2017

ပိန်သလောက် အစားကြီးသူ


နယူးဇီလန်နိုင်ငံသူ ဇစ်ဆာသည် ပိန်သလောက် အစားကြီးသူ ဖြစ်သည်။  ဟမ်ဘာဂါ (၂၂) ခုကို (၁) နာရီအတွင်း စားပြခဲ့သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ သည်။  ကယ်လိုရီပေါင်း (၁၂၃၈၆) ကို စားခဲ့ခြင်း ဖြစ်သည်။
        ဇစ်ဆာသည် အလှမယ်ဆု ရရှိထားသူဖြစ်ပြီး အစားအသောက်ကြီးသူအဖြစ် သတ်မှတ်ခံထားရပြီး၊ အစားအသောက် ပြိုင်ပွဲများတွင် ချန်ပီယံဆုများ ရရှိထားသူလည်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း  မြေပဲထောပတ် ဖျော်ရည် (၂၇) ခွက်ကိုလည်း စက္ကန့် (၁၀၀) အတွင်း သောက်ပြခဲ့သည်။ ယင်းနောက်ဇစ်ဆာသည် အင်တာနက်မှတစ်ဆင့် အားလုံးကို စိန်ခေါ်ကာ ဟမ်ဘာဂါ အများအဟြးကို တစ်ချိန်တည်း အများအဟြး စားပြခဲ့ခြင်း ဖြစ်သည်။ ဇစ်ဆာသည် ပထမဆုံး ဟမ်ဘာကို (၄၅) စက္ကန့်အတွင်း စားပြခဲ့သည်။ သို့သော် နောက်ပိုင်းအလုံးများကို တဖြည်းဖြည်းချင်း စားခဲ့ရပြီး ဟမ်ဘာဂါ (၂၂) ခုကို တစ်နာရီအတွင်း စားပြသွားခဲ့သည်။ ဇစ်ဆာသည် ၂၀၁၃ တွင် အလှမယ်ဆုကို ရယူခဲ့ပြီးနောက် အစားအသောက် ပြိုင်ပွဲများကို ၀င်ရောက်ပြီး စံချိန်များ တင်ရှိခဲ့ခြင်း ဖြစ်သည်။ မော်ဒယ်အများစုသည် အစားအသောက်ကို ထိန်းစားလေ့ရှိသော်လည်း ဇစ်ဆာကမူ အစားအသောက်ကို ခုံမင်ခဲ့သည်။ ဇစ်ဆာက အစားစားခြင်းကြောင့် ၀လာသည်ကို မယုံကြည်ကြောင်း ဟြေကြားခဲ့သည်။ ဇစ်လာက အစားအသောက်ပြိုင်ပွဲ မ၀င်ရောက်မီ ၀မ်းဗိုက်ကို ရှင်းထားလေ့ရှိကြောင်း ဆိုခဲ့သည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...