Saturday, December 23, 2017

ဒေါ်လာ (၁၆) သန်းတန် ကျောက်တုံး


 ကျောက်တုံးတစ်တုံး၏ တန်ဖိုးသည် ဒေါ်လာ (၁၆) သန်းနီးပါး ရှိနေသောကြောင့် အံ့အားသင့်ကောင်း သင့်နေပါလိမ့်မည်။ ယင်းကျောက်တုံးသည် သာမန်အမြင်ဖြင့် ကြည့်ပါက လမ်းဘေးတွင် တွေ့ရသည့် ကျောက်တုံးအဖြစ်သာ ယူဆထား ကြပါလိမ့်မည်။ သို့သော် ယင်းကျောက်တုံးကို ပညာရှင်တွေက တွက်ချက်ခဲ့ရာတွင် တန်ဖိုးအားဖြင့် ဒေါ်လာ ( ၁၅ ဒသမ ၇) သန်း ရှိနေကြောင်း သိရသည်။ ယူနန်ဒေသတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ကျောက်တုံးကို မီဒီယာများအား ခေါ်ယူပြသခဲ့ပြီးနောက် ရှင်းလင်း ပြောကြားမှုများ ပြုလုပ်ခဲ့သည်။ ကျောက်တုံးပိုင်ရှင် ပန်က ယင်းကျောက်တုံး၏ အလေးချိန်သည် တစ်ကီလိုဂရမ်အထိ ရှိသည်။  ယင်းကျောက်တုံးသည် တရုတ်မိဖုရား Dowager Cixi သေဆုံးပြီးနောက် ပါးစပ်ထဲကို ထည့်ခဲ့သော အဖိုးတန် ကျောက်မျက် ရတနာ၏ (၇)ဆ နီးပါးခန့်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
      ကျောက်တုံးပိုင်ရှင်ပန်က ယင်းကျောက်တုံးသည် မိသားစု၏ အမွေအနှစ် ဖြစ်ကြောင်း၊ မိမိတို့ မိသားစုအနေဖြင့် ယင်းကျောက်တုံးကို လျှို့ဝှက်စွာ ထိန်းသိမ်းခဲ့ကြောင်း၊ မိမိအနေဖြင့် ကျောက်တုံး၏ တန်ဖိုးကို ပြီးခဲ့သည့် သြဂုတ်လအထိ မသိရှိရကြောင်း၊ ရှန်ဟိုင်းနှင့် ဘေဂျင်းတွင် ရှိသည့် ပညာရှင်များ၏ တွက်ချက်မှုကြောင့် တန်ဖိုးကို သိခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းကျောက်တုံးသည် မိုးကြိုးသွားကျောက်ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း သန်း (၁၀၀) ကျော်ရှိနေခြင်း ကြောင့် ဒေါ်လာသန်းနှင့်ချီ တန်နေခြင်း ဖြစ်ကြောင်း သိရသည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...