Tuesday, December 26, 2017

ကမ္ဘာ့အရှားပါးဆုံးစာရင်းဝင် ကမ္ဘာ့အကြီးဆုံးကြက်တူရွေး Kakapo

နယူးဇီလန်နိုင်ငံတွင်သာ ရှိသော Kakapo ကြက်တူရွေးများကို ကမ္ဘာ့အကြီးဆုံး ကြက်တူရွေးမျိုးအဖြစ် သတ်မှတ်ကြပါသည်။ Kakapo ကြက်တူရွေးများသည် အရွယ်ပမာဏကြီးမားသလို ကမ္ဘာပေါ်တွင် မပျံသန်းနိုင်သော တစ်မျိုးတည်းသော ကြက်တူရွေးမျိုး ဖြစ်ပါသည်။ ကိုယ်ခန္ဓာကြီးမားပေမယ့် အတောင်သေးငယ်သဖြင့် မပျံနိုင်ခြင်း ဖြစ်သလို ထိုကဲ့သို့ မပျံနိုင်ခြင်းကြောင့်လည်း မျိုးတုန်းပျောက်ကွယ်ဖို့ နီးစပ်လာရခြင်းပဲ ဖြစ်ပါသည်။ သို့ပေမယ့် ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး နေထိုင်နိုင်သော ငှက်များတွင် ပါဝင်နေပြီး ပျမ်းမျှသက်တမ်းအားဖြင့် (၉၅) နှစ် အသက်ရှည်ပါသည်။ ကမ္ဘာဦး တိရိစ္ဆာန်မျိုးစိတ်များတွင် ပါဝင်သော ကြက်တူရွေးဖြစ်ပါသည်။ အစိမ်းရောင်ရောရော အရောင်အဆင်းရှိပြီး အသီးအရွက်စား တိရိစ္ဆာန်ဖြစ်ပါသည်။ အရွယ်ပမာဏအားဖြင့် အထီးသည် ၂၄ လက်မအထိရှိပြီး  ၄ ပေါင် နှင့် ၉ ပေါင်ကြား အလေးချိန်ရှိပါသည်။ ယခုအခါ မျိုးတုန်းတော့မည့် အန္တရာယ်ရင်ဆိုင် နေရသည့် ကမ္ဘာ့အရှားပါးဆုံး စာရင်းဝင်ဖြစ်နေပြီး ၂၀၁၂ စာရင်းအရ အကောင်ရေ (၁၂၆) ကောင်သာ ရှိပါတော့သည်။ နယူးဇီလန်အစိုးရသည် Kakapo ကြက်တူရွေးများကို ဘေးမဲ့တောတစ်ခု ဖန်တီးပေးထားပြီး ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။



သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...