ကမ္ဘာတစ်ဝှမ်း စာပေချစ်သူများ နှင့် စာဖတ်ဝါသနာပါသူများကြားတွင် နာမည်ကျော်ကြားလာသည့် စာကြည့်တိုက်ပုံစံ ဖွဲ့စည်းထားသော ဟော်တယ်တစ်ခုကို ပေါ်တူဂီနိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။

ဟော်တယ်တစ်ခုလုံး၏ နံရံများကို စာအုပ်စင်များ အဖြစ်ဖန်တီးကာ ဘယ်နေရာသွားသွား စာအုပ်များ တွေ့မြင်ဖတ်ရှု့နိုင်ရန် ပြုလုပ်ထားပါသည်။ ထိုဟော်တယ်မှာ The Literary Man Óbidos Hotel ဟုအမည်ရပြီး ပေါ်တူဂီနိုင်ငံ ၊ Obidos မြို့၏ နှစ် ၇၀၀ ခန့်သက်တမ်းရှိပြီဖြစ်သော အလယ်ခေတ် ကျေးရွာလေးတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။

ယခင်ကလည်း ကမ္ဘာတစ်ဝှမ်းတွင် စာကြည့်တိုက်ပုံစံ ဟော်တယ်များ ဖွင့်လှစ်ထားကြပေမယ့် ယခုဟော်တယ်လေးသည် စာအုပ်အရည်အတွက် အများဆုံး ဖြစ်လာကြောင်း သိရှိရပါသည်။ စတင်ဖွင့်ကာစက စာအုပ်ပေါင်း ၁၀ ၀၀၀ ကျော်ဖြင့် စတင်ခဲ့ပေမယ့် ယခုအခါ ၅၀ ၀၀၀ ကျော်လာပါပြီ။ ထပ်မံပြီး စုဆောင်းလှူဒါန်းမှုများကြောင့် နှစ်မကုန်မှီ စာအုပ်ပေါင်း ၁၀၀ ၀၀၀ ကျော်ရန် ရည်မှန်းထားကြပါသည်။

ထိုစာကြည့်တိုက်ဟော်တယ်တွင် အိပ်ခန်းပေါင်း ၃၀ ရှိပြီး ၊ စားသောက်ခန်း နှင့် အရက်ဘားလည်း ရှိပါသည်။ လာရောက်လည်ပတ်သူများ အနေဖြင့် စာအုပ်များ ဖတ်ရန်သာ ကြိုးစားတတ်ကြပါသည်။

ထိုဟော်တယ်တွင် လာရောက်တည်းခိုသူများ အနေဖြင့် စာအုပ်များကို လွတ်လပ်စွာ ငှားရမ်းဖတ်ရှု့နိုင်သလို ကြိုက်လို့ ဖတ်မပြီးသေးလျှင် အပိုင်လည်းဝယ်သွားနိုင်ပါသည်။ ထို့ပြင် မိမိတို့မှာရှိသော စာအုပ်များကိုလည်း လာရောက်လှူဒါန်းနိုင်ပါသည်။ လှူဒါန်းသူများလည်း များစွာရှိကြပါသည်။

စာအုပ်များမှာ အများအားဖြင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားကြပြီး ၊ ပေါ်တူဂီ ၊ ပြင်သစ် ၊ ဂျာမနီ နှင့် အခြားဘာသာစကားဖြင့် ရေးသားထားသော စာအုပ်အနည်းငယ်လည်း ရှိကြပါသည်။ စာအုပ်များမှာလည်း သုတ ၊ ရသစုံ အမျိုးအစားများစွာ ရှိပါသည်။

ထိုစာကြည့်တိုက်ဟော်တယ်တွင် လာရောက်တည်းခိုသူများသည် အခြားဝန်ဆောင်မှုများထက် ဟော်တယ်တွင်း၌ နေရာအနှံ့ တွေ့မြင်နေရသော စာအုပ်များကိုသာ ရှာဖွေဖတ်ရန်သာ ပိုမိုစိတ်အား ထက်သန်နေကြပါသည်။

ထို့ကြောင့် The Literary Man Óbidos Hotel သည် စာပေချစ်သူများအနေဖြင့် ကမ္ဘာ့အကောင်းဆုံး ဟော်တယ်အဖြစ် သတ်မှတ်ထားကြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။