
ဂျနီဖာဂျုံးနှင့် ရော့ဘလက်မိုးအမည်ရှိ ဗြိတိန်စုံတွဲတစ်တွဲသည် ဖုတ်ကောင် များကဲ့သို့ ၀တ်ဆင်ပြီး လန်ဒန်မြို့လယ်၌ ဘုရားရှိခိုးကျောင်းတွင် မင်္ဂလာဆောင် ခဲ့ကြသည်။ အသက် ၃၁ နှစ်အရွယ်ရှိ လီဗာပူးမြို့သား ရော့ဘလက်မိုးသည် ၁၉၈၀ ပြည့်နှစ်အတွင်း ပထမဦးဆုံးထွက်ပေါ်လာသော Zombie ရုပ်ရှင်ကားများကို နှစ်သက်သဘောကျခဲ့ပြီး အသက်၂၇ နှစ်အရွယ်ရှိ ဂျနီဖာကလည်း ဟော်လိုဝင်းပွဲတော်ဝတ်စုံများကို ငယ်စဉ်ကတည်းက နှစ်ခြိုက်သဘောကျခဲ့သည်။
၎င်းတို့၏ မင်္ဂလာပွဲကို ဖုတ်ကောင် Zombie ဖုတ်ကောင်များကဲ့သို့ ၀တ်ဆင်ပြီး ဗြိတိန်စုံတွဲ မင်္ဂလာဆောင်များကဲ့သို့ မိတ်ကပ် အလှပြုပြင်မှုများပြုလုပ်ပြီး မင်္ဂလာဆောင်ခဲ့ကြသည်။ ထိုမင်္ဂလာပွဲကို လာရောက်ကြသော ဧည့်ပရိသတ် ၂၅၀ ကျော်တို့ကလည်း ဖုတ်ကောင်များကဲ့သို့ ၀တ်ဆင်တက်ရောက်ခဲ့ကြသည်။ လီဗာပူးဘောလုံးအသင်း၏တိုက်စစ်မှူး ဆွာရက်ဇ်လည်း ၎င်းတို့၏မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သည်။
ref:ပြည်မြန်မာ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။