Sunday, May 5, 2013

အမေရိကန်ဖိတ်ခေါ်ဂေါက်ရိုက်ပြိုင်ပွဲကို ခြေသုံးချောင်းနှင့်မိကျောင်းတစ်ကောင် ၀င်ရောက်နှောင့်ယှက်


အမေရိကန်နိုင်ငံ လူစီးယားနားပြည်နယ် နယူးအိုရီလန်းမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် အမေရိကန်ဖိတ်ခေါ် ဂေါက်ရိုက်ပြိုင်ပွဲကျင်းပရာ ဂေါက်ကွင်းအတွင်းသို့ ခြေသုံးချောင်းနှင့် မိကျောင်း တစ်ကောင် ၀င်ရောက်ခဲ့မှုကြောင့် ပြိုင်ပွဲကို ခေတ္တရပ်တန့်ထားခဲ့ရကြောင်း ဧပြီလ၂၆ ရက် နယူးအိုရီလန်း သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။
ထိုမိကျောင်းသည် ဂေါက်ရိုက်ပြိုင်ပွဲကျင်းပရာ ဂေါက်ကွင်းမြက်ခင်းပြင်အနှံ့ လှည့်ပတ်သွားလာနေမှုကြောင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်များနှင့် ဧည့်သည်တော်များကို အရေးပေါ် နေရာရွှေ့ပြောင်းပေးမှုများ ပြုလုပ်ခဲ့ရသည်။ လူစီယားနားပြည်နယ်သည် အမေရိကန် နိုင်ငံတွင် မိကျောင်းအပေါများဆုံး ပြည်နယ်တစ်ခုဖြစ်သော်လည်း မိကျောင်းများသည် လူများကိုရန်ပြုတိုက်ခိုက်မှု နည်းပါးကြောင်းသိရသည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...