Friday, December 30, 2016

စွန့်ပစ် CD ပြား အဟောင်းများဖြင့် ဖန်တီးထားသော ပန်းချီကားကြီး

အသုံးမပြုတော့သည့် CD ပြားအဟောင်းများကို စုစည်းထားကာ မြေပြင်
ပေါ်၌ ဖြန့်ခင်းပြီး ဧရာမပန်းချီကားချပ်ကြီး အဖြစ် ဖန်တီးထားခဲ့ခြင်း
ဖြစ်ပါသည်။ ထိုင်ဝမ် ၊ Keelung တွင် ၂၀၁၆ ဒီဇင်ဘာလ ၂၃ ရက်နေ့
တွင် ဖွင့်လှစ်ပြသ ခဲ့ပါသည်။

ကမ္ဘာကျော် ပန်းချီပညာရှင်ကြီး ဗင်းဆင့် ဗန်ဂိုး ၏ နာမည်ကျော် ပန်းချီ
ကားချပ်ဖြစ်သော “The Starry Grassland” ၏ ပုံစံအတိုင်း CD ချပ်ပြား
အဟောင်းများကို မြေပြင်၌ ဖြန်ခင်းထားခဲ့ခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ ဖြန့်ခင်းထားခဲ့သည့် CD အချပ်ရေပေါင်းမှာ (၃) သန်း အထိရှိ
ပါသည်။



အကျယ်အ၀န်း ဧက ၅၃ ဟတ်တာ ပေါ်တွင် ဖြန့်ခင်းပြသထားခဲ့ပြီး
လာရောက်ကြည့်ရှု့လည်ပတ်သူများ အနေဖြင့် အမြင်ဆန်းပြား
စိတ်ကြည်နူးစေရန်လည်း စီစဉ်ပေးထားခဲ့ပါသည်။

ထိုင်ဝမ်တွင် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းမှာ ယခင်နှစ် ၂၀၁၅ ခုနှစ်
ကလည်း ရှိခဲ့ပါသည်။

ထိုအချိန်ကတော့ CD ပြား အဟောင်းများကို သုံးခဲ့ခြင်း မဟုတ်ဘဲ
စွန့်ပစ် ပုလင်း အခွံများကို လပေါင်းများစွာ စုဆောင်းပြီး ဖန်တီးခဲ့ခြင်း
ဖြစ်ပါသည်။

ထိုအချိန်ကလည်း ဗန်ဂိုး၏အခြားနာမည်ကျော် ပန်းချီကားချပ် တစ်ခု
ဖြစ်သော “The Starry Night” ပန်းချီကားပုံစံကို စွန့်ပစ်ပလက်စတစ်
ပုလင်းပေါင်း( ၄ )သန်းအထိ အသုံးပြုကာ ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။

ကုန်လွန်ခဲ့သော ၂၀၁၅ ခုနှစ်သည် ဗန်ဂိုး ကွယ်လွန်ခြင်း ၁၂၅ နှစ်ပြည့်
အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။






သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...