Friday, December 30, 2016

အံ့သြစရာ ဒင်္ဂါးပြားတွေကို စီထားတဲ့ အစွမ်း

အကြွေစေ့များကို ဟန်ချက်ညီ ရပ်တည်စေသည့် အံ့မခန်းပညာ
ယခင်ကလည်း နေခရမ်း မှ ကျောက်တုံးလေးများကို ဟန်ချက်ညီ
အစီအရီ ထပ်ပြထားပုံများကို တင်ပေးဖူးပါသည်။ ယခုလည်း
ဂျပန်လူငယ်တစ်ဦးမှ gravity defying art ဟူသော ဖန်တီးမှု
ပြကွက်တစ်မျိုးကို ဒင်္ဂပြား အကြွေစေ့များဖြင့် သေသပ်ပီပြင်စွာ
ဖန်တီးပြသခဲ့ပါသည်။

aka Tanu ဆိုသူ ဂျပန်လူငယ် တစ်ဦးသည် @thumb_tani (aka Tanu)
ဟူသော Twitter အကောင့်ဖြင့် အကြွေစေ့များကို ကမ္ဘာမြေဆွဲအား
ဆန့်ကျင်ပြီး ရပ်တည်နေဟန် အစီအရီ ထပ်ပြထားသော ဓာတ်ပုံများ
တင်ပေးခဲ့ပါသည်။


ထိုပုံများကို မြင်ကြရသူများအနေဖြင့် ဓာတ်ပုံကို ပြင်ကာ လုပ်ထား
သလားဟု အငြင်းအခုံများ ဖြစ်စေခဲ့ပါသည်။ နောက်ပိုင်းတွင်
ဂျပန်လူငယ်ကလေးမှ သူအကြွေစေ့များ စီထပ်ပြပုံကို Video ဖိုင်
ပါ တွဲတင် ပေးလိုက်သဖြင့် တွေ့မြင်ကြရသူအပေါင်း၏ အံ့သြချီးကျူး
မှုကို ခံယူခဲ့ရပါသည်။

ထို Video ဖိုင်များသည်လည်း အထူးပြုလုပ်ပြင်ဆင်ထားမှုများ
မပါကြောင်း သိရပါသည်။ သူ၏ Video ဖိုင်များကိုလည်း You Tube
မှ တစ်ဆင့် သွားရောက်ကြည့်နိုင်ပါသည်။

တစ်ချို့ပြုလုပ်ထားပုံများမှာ အလွန်ပင် သေသပ်ပြီး အံ့သြဖို့ကောင်းပါသည်။
gravity defying art ပညာရှင်များ ရှိကြပါသည်။ ထိုပညာရှင်များသည်
လုံးဝန်းပြီး စီရခက်သည့် ပစ္စည်းများ ၊ ကျောက်တုံးများ နှင့် အခြား
အရာဝတ္တုများကို အစီအရီ ညီညီညာညာ ထပ်တင်ပြသ ကြသူများ
ဖြစ်ပါသည်။






သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...