Sunday, September 24, 2017

ဖရဲသီး( ၃)လုံးကို ပေါင်ကြားထဲညှပ်ပြီး ခွဲပြ


အသက် (၃၀)နှစ် အရွယ်ရှိ အိုလာဂါဟာ မကြာမီက ထုတ်ဝေခဲ့တဲ့ ဂင်းနစ်စံချိန် မှတ်တမ်းစာအုပ်မှာ ထူးခြား စွမ်းဆောင်ရည်ကြောင့် အားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ ယူကရိန်း နိုင်ငံသူ အိုလာဂါဟာ အင်္ဂလန်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းတစ်ခုရဲ့ ဖိတ်ခေါ်မှုဖြင့်  စွမ်းဆောင်ရည်ကို ပြသခွင့်ရခဲ့ပါတယ်။ နာမည်ကျော် အိုင်တီဗွီ ရုပ်သံလိုင်းဟာ သူတို့ရဲ့ အစီအစဉ်မှာ ပြသဖို့ အိုလာဂါကို ဖိတ်ခ်ါခဲ့တာ ဖြစ်ပါတယ်။
       အိုလာဂါဟာ ဖရဲသီး(၃) လုံးကို ပေါင်ကြားထဲ ညှပ်ပြီးခွဲပြရာမှာ (၁၈) စက္ကန့်အတွင်း လုပ်ပြနိုင်ခဲ့ပါတယ်။  ဒါကြောင့် ဂင်းနစ်စံချိန် မှတ်တမ်းမှာ ပေါင်ကြားထဲညပ်ပြီး ဖရဲသီးကို အမြန်ဆုံး ခွဲပြနိုင်သူ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီလိုမျိုး လုပ်ပြခြင်းကို အိုင်တီဗီရုပ်သံက တိုက်ရိုက် ထုတ်လွှင်ပြသခဲ့ပြီး ပွဲအစီအစဉ် တင်ဆက်သူ နှစ်ဦးကြောင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ခဲ့ပါတယ်။ အိုလာဂါဟာ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးနောက် ဖဲရဲသီးတစ်လုံးကို ပေါင်ကြားထဲညှပ်ပြီး စခွဲခဲ့ပါတယ်။ ဒီနောက် ဒုတိယတစ်လုံး မခွဲမီ ပေါင်ကြားထဲမှာရှိတဲ့ အရည်တွေကို အ၀တ်စနဲ့ သုတ်ပစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖရဲသီးကို ညပ်ရာမှာ ချောနေမှာကြောင့် ဖြစ်ပါတယ်။ ဒုတိယအလုံးကို ခွဲပြီးတဲ့နောက် တတိယအလုံးကို ခွဲရာမှာ ပြဿနာ အနည်းငယ် ကြုံခဲ့ပေမယ့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပေါင်ကြွက်သားတွေ သန်မာလွန်းတာကြောင့် ဒီလိုပြုလုပ်နိုင်တာ ဖြစ်ပြီး ဒီအစီအစဉ်ကို ကြည့်ရှုလိုက်သူတွေ ကတော့ အိုလာဂါရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ကြောင်း သိရပါတယ်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...