Sunday, September 24, 2017

ကမ္ဘာတစ်ပတ် ခြေလျင်လျှောက်ခဲ့သူ


ကနေဒါ နိုင်ငံသားတစ်ဦးဟာ ကမ္ဘာတစ်ပတ်ကို ခြေလျင်လျှောက်ပြီး သွားလာခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ပါတယ်။ တိုက်ကြီး (၆)တိုက်ကို ခြေလျင် လျှောက်သွားလာခဲ့တာ ဖြစ်ပြီး  သွားလာခဲ့တဲ့ ခရီးမိုင်က (၄၆၉၀၀) မိုင် ရှိပါတယ်။ ဒီလို သွားလာနိုင်ဖို့ စွန့်စားမှုတွေ ပြုလုပ်ခဲ့ရပြီး စုစုပေါင်း(၁၁)နှစ် အချိန်ယူခဲ့ရပါတယ်။ လမ်းလျှောက်ခရီးစဉ် ဖြစ်တာကြောင့် ဖိနပ်အရံပေါင်း (၅၄)ရံ အသုံးပြုခဲ့ရပါတယ်။ ဒီခရီးကို သွားလာခဲ့သူက  ဂျင်းဗီလီဗာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ မွန်ထရီရယ်ကနေ စတင်ခဲ့တဲ့ခရီးဟာ ဒီလောက်ကြာလိမ့်မယ့်လို့ ဘယ်သူမှ ထင်မှတ်ထားမှာ မပာုတ်ပါဘူး။ မိသားစုကို စွန့်ခွာပြီး ကာလရှည် ခရီးသွားလာနိုင်ဖို့ တော်ရုံဇွဲသတ္တိနဲ့ မရလောက်ပါဘူး။
      ဂျင်းဗီလီဗာဟာ ၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ(၁၈) ရက်မှာ ခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပြီး ထိုစဉ်က အသက်မှာ (၄၅)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၆၄) နိုင်ငံကို ရောက်ရှိခဲ့ပြီး အတွေ့အကြုံများစွာ ရရှိခဲ့ပါတယ်။
လက်တွန်းလှည်း တစ်စီးကို အဖော်ပြုရင်း ကမ္ဘာ့နိုင်ငံတွေကို ခြေလျင် ခရီးထွက်ခဲ့ရာမှာ ရောက်ရှိတဲ့နိုင်ငံတွေက အကူအညီတွေ များစွာပေးခဲ့ကြောင်း ဂျင်းဗီလီဗာက ဆိုခဲ့ပါတယ်။ ခရီးသွားလာရာမှာ မှားယွင်း အဖမ်းခံရခြင်းကြောင့် အချုပ်ထဲမှာ နှစ်ကြိမ် အိပ်ခဲ့ရပါတယ်။ ပန်းခြံ၊ ဘုရားရှိခိုးကျောင်း စတဲ့နေရာ မျိုးစုံမှာလည်း အိပ်စက်ခဲ့ရပါတယ်။ မိသားစုပေါင်း ( ၁၆၀၀) နဲ့ အတူ နေထိုင်ခဲ့ပါတယ်။ မတူညီတဲ့ ယဉ်ကျေးမှုတွေကြား သွားလာခဲ့တာကြောင့် အခက်အခဲအချို့ ရှိပေမယ့် ကူညီသူက ပိုမိုများပြားခဲ့ပါတယ်။ ဂျင်းဗီလီဗာဟာ ငြိမ်းချမ်းရေးနဲ့ ကလေးသူငယ်များ နှိပ်စက်မှုမှ ကင်းလွတ်စေရေးအတွက် နိုင်ငံအနှံ့ကို သွားလာခဲ့ခြင်း ဖြစ်ပါတယ်။ ကနေဒါမှ ဘရာဇီးလ်၊ ထိုမှတစ်ဆင့် တောင်အာဖရိက၊ အီဂျစ်၊ မော်ရိုကို၊ ဥရောပ နိုင်ငံများ၊တူရကီ၊ အီရန်၊ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ သြစတြေးလျနိုင်ငံတွေဆီ သွားလာခဲ့ခြင်း ဖြစ်ပါတယ်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...