Monday, September 25, 2017

ရှာတွေ့ခဲ့တဲ့ နှစ်ပေါင်း ၇၃၀၀၀ ကျော်က ဧရာမ ဆူနာမီ ကြီးများ ပြန်ဖြစ်နိုင် သေးသလား


 ဟိုးအရင်တုန်းက ဖြစ်ခဲ့တဲ့ ဧရာမ ဆူနာမီကြီး တွေကို သိပ္ပံပညာရှင် များက ရှာဖွေ တွေ့ရှိ ခဲ့ပြီး အဲဒါတွေက တကယ့် အစစ်တွေလို့ သိရ ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၃၀၀၀ က အာဖရိက ကမ်းခြေက ကိတ်ပ်ဗာတီ ကျွန်းစုရှိ ဖိုဂို မီးတောင် များကျွန်းဟာ သမုဒ္ဒရာထဲကို ပြုတ်ကျ ခဲ့ပြီး ဆူနာမီ တစ်ခု ဖြစ်ခဲ့ ပါတယ်။ ဒီဧရာမ ဆူနာမီကြီးက တောင်တန်းတွေ ကိုတောင် ရွေ့သွားစေခဲ့ ပါတယ်။
“ဧရာမ ထုထည်ကြီးမားတဲ့ အရာတစ်ခုကို နေရာရွှေ့လိုက်ရင် ရေတွေကို လှုပ်ခတ် သွားစေ ပါတယ်။ မီးတောင်လို ဟာမျိုး ရေထဲကို ပြိုကျတဲ့ ကိစ္စမှာ အရမ်းကို ပြင်းထန် လွန်းပါတယ်။ သမုဒ္ဒရာ ထဲကို ထုထည် ကြီးမားလွန်းတဲ့ အရာကြီး ပြိုကျ သွားတာကိုး။” လို့ ဦးဆောင် သုတေသီ Ricardo Ramalho က ၀ါရှင်တန်ပို့စ် သတင်း ဌာနကို ပြောသွား ခဲ့ပါတယ်။
ဖိုဂို မီးတောင်များ ကျွန်းနားက ဧရာမ ကျောက်တုံးကြီး ကနေ အထောက် အထားတွေ့ခဲ့ ရတာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက ဖိုဂို မီးတောင် ပြိုကျမှု ကြီးကို သိပ္ပံပညာရှင် တွေက သိခဲ့ ရတာပါ။ ဒီပြိုကျမှုက မိုင် ၃၀ အကွာမှာ ရှိတဲ့ ဆန်တီရားဂို ကျွန်းကို ဆူနာမီကြီး တစ်ခုဖြစ်သွား စေခဲ့မယ်လို့ တွက်ချက် ကြပေမဲ့ အဲဒါက ဘယ်လောက် ကြီးမားကြောင်း ကိုတော့ သဘောထား မတိုက်ဆိုင် မှုတွေ ရှိဆဲ ဖြစ်ပါတယ်။ ယခု လက်ရှိထိ တွက်ချက်မှုတွေ အရတော့ တစ်ပြိုက်တည်း ပြိုကျ တာမျိုးမဟုတ်ဘဲ၊ ခွဲခွဲပြီး ပြိုကျကာ ဆူနာမီတွေ အကြိမ်ကြိမ် ဖြစ်စေ ခဲ့ပါတယ်တဲ့။
အလားတူ ပြိုကျမှု မျိုးက ဖြစ်နိုင် တယ်လို့ Ramalho က ယုံကြည် ထားပေမဲ့ သူ့ရဲ့ မီဂါဆူနာမီ သီအိုရီကို မီဂါ လှည့်ဖျားမှုကြီး ဖြစ်မသွား စေချင် ပါဘူးတဲ့။
“သဘာဝ ဘေးအန္တရာယ် လျှော့ချရေး ဘက်ကနေ ကျွန်တော်တို့ ဘာများ လုပ်ပေးနိုင် မလဲ ဆိုတာကို ခေါင်းအေးအေးနဲ့ သဘာဝ ကျကျ စပြီး တွေးဖို့ လိုပါတယ်။ ဒီလိုဘေး ဒုက္ခကို ကျွန်တော်တို့ ဘယ်လိုပြန်ပြီး တုန့်ပြန်နိုင် မလဲဆိုတာနဲ့ အဲဒါတွေရဲ့ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်း အပေါ် ခြိမ်းခြောက်မှုက ရေတိုလား၊ အလယ် အလတ်လား၊ ရေရှည်လား ဆိုတာကို ဘာနဲ့ တိုင်းတာနိုင် မလဲဆိုတာ တွေးထားရမယ်။” လို့ Ramalho က Mirror သတင်းဌာနကို ပြောသွား ခဲ့ပါတယ်။
Credit;thithtoolwin.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...