Wednesday, December 5, 2012

အီဂျစ် နိုင်ငံတွင် ရှေးဟောင်း ခြင်္သေ့ ရုပ်တုများ သုတေသန ပညာရှင်များ ရှာဖွေ တွေ့ရှိ

ကိုင်ရို ဒီဇင်ဘာ ၎
အီဂျစ် နိုင်ငံရှိ ရှေးခေတ်ဘုရား ကျောင်းတစ်ကျောင်း၌ ဂရိ - ရောမခေတ်က ခြင်္သေ့ ရုပ်တု နှစ်ခုကို အီတလီ ရှေးဟောင်း သုတေသန ပညာရှင် များက ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ရှေးဟောင်း ပစ္စည်း သုတေသန ဝန်ကြီးက ဒီဇင်ဘာ ၃ ရက်တွင် ပြောကြား ခဲ့သည်။
အဆိုပါ ခြင်္သေ့ ရုပ်တုများကို သဲကျောက် များဖြင့် ထုလုပ်ထားခြင်း ဖြစ်ပြီး ၎င်းတို့အား အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တောင်ဘက် ဖေးယံ ဒေသမှ တော်လမီခေတ် ဘုရားကျောင်း၏ ခေါင်မိုးမှ ရေနုတ်မြောင်း စနစ်၏ တစ်စိတ် တစ်ဒေသ အဖြစ် အသုံးပြုခဲ့ ဖွယ်ရှိသည်ဟု သိရသည်။

ရုပ်တုများ၏ မျက်နှာကို အနုစိတ် ထွင်းထုထားသည့် အပြင် ရှေးပကတိ နီးပါး အတိုင်း လက်ရာ မပျက်ဘဲ ပြည့်စုံစွာ ရှိနေပြီး ရုပ်တုများ၏ အကျယ်နှင့် အမြင့်မှာ အနည်းဆုံး တစ်မီတာ စီရှိကြောင်း စလန်တို တက္ကသိုလ်မှ အီတလီ ရှေးဟောင်း သုတေသန အဖွဲ့ ခေါင်းဆောင် မာရီအိုကာ ပတ်စ်စိုက ပြောကြား ခဲ့သည်။
အဆိုပါ ခြင်္သေ့ ရုပ်တုများကို ရှာဖွေ တွေ့ရှိမှုသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဝန်ကြီး မိုဟာမက် အီဘရာ ဟင်မ်က ပြောကြား ခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...