Wednesday, April 17, 2013

အိမ်ဖြူတော်


အိမ်ဖြူတော်လို့ဆိုတာနဲ့ လူတိုင်းက အမေရိကန်သမ္မတွေကို ပြေးမြင်တဲ့အထိ လူသိများလှပါတယ်... အဲ့ဒီအိမ်ဖြူတော်ကို ဘယ်သူမှ အရောင်းအဝယ်မ
လုပ်ပေမဲ့ အိမ်ခြံမြေဈေးကွက်ရဲ့ online လုပ်ငန်းကြီးဖြစ်တဲ့ Zillow.com က ခန့်မှန်းတာကတော့ အိမ်ဖြူတော်ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ 287189701 ရှိမယ်လို့ဆိုပါတယ်...
သမိုင်းဝင်နေရာကြီးတစ်ခုဖြစ်တဲ့ အိမ်ဖြူတော်မှာ အဆင်တန်ဆာတွေ
အများအပြားပါရှိပါတယ်...
အဆောက်အဦရဲ့ ကြမ်းခင်းဧရိယာစုစုပေါင်း
ဟာ (အထပ် ၆ ထပ်အတွက်) 55000 စတုရန်းပေရှိပြီး အခန်းပေါင်း ၁၃၂ ခန်းဖွဲ့ထားပါတယ်... အိပ်ခန်း ၁၆ ခန်း၊ သန့်စင်ခန်း ၃၅ ခန်း ပါဝင်ပြီး ခြံဝန်း
အကျယ်က ၁၈ ဧကကျယ်ဝန်းပါတယ်... တံခါးပေါင်း ၄၁၂ ပေါက်၊ ပြ
တင်းပေါက်ပေါင်း ၁၄၇ ပေါက်၊ မီးလင်းဖိုပေါင်း ၂၈ ခု၊ လှေခါးအိမ် ၈ ခုနဲ့ ဓာတ်လှေခါး ၃ ခုတို့ပါဝင်ပါတယ်...

သမိုင်းတစ်လျှောက်မှာ အိမ်ဖြူတော်ကို သမ္မတနန်းတော်၊ သမ္မတအိမ်တော်
နိုင်ငံတော်အိမ်တော် စသဖြင့် အမည်အမျိုးမျိုးတွင်ခဲ့ပြီး သမ္မတ သီရိုဒိုရုဇ်ဗဲ့ရဲ့ လက်ထက် 1901 ခုနှစ်ရောက်မှ အိမ်ဖြူတော်လို့ တရားဝင်နာမည်ပေးခဲ့
တာဖြစ်ပါတယ်...

အိမ်ဖြူတော်ရဲ့ စားဖိုဆောင်ဟာ ဧည့်သည်ပေါင်း ၁၄၀ ဦးကို တည်ခင်းဧည့်
ခံနိုင်ပြီး အဆာပြေအစာနဲ့ဆိုရင် အယောက် ၁၀၀၀ ကျော် ဧည့်ခံနိုင်ပါ
တယ်... အိမ်ဖြူတော်ရဲ့ အပြင်ဘက်မျက်နှာပြင်အကုန်လုံးကို ဆေးသုတ်ဖို့အ
တွက်ဆိုရင် သုတ်ဆေး ၅၇၀ ဂါလံလိုပါလိမ့်မယ်...

အိမ်ဖြူတော်အကြောင်းကို ဒီနေရာတွေမှာ ဆက်လက်လေ့လာနိုင်ပါတယ်...
http://en.wikipedia.org/wiki/White_House
 

http://www.whitehousehistory.org/
 

http://www.whitehouse.gov/
 

နှိုင်းရင့်နွေ
https://www.facebook.com/hnaingyintnway
 
 

1 comment:

  1. ဖတ်သွားပါတယ်။ ကျေးဇူးပါ။ ချမ်းမြေ့ပါစေ။

    ReplyDelete

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...