Monday, April 22, 2013

ကမ္ဘာပေါ်တွင် တစ်မျိုးတည်း ရှိသည့် ထွင်းဖောက် မြင်နိုင်သော ရေခဲငါး


တိုကျို  ဧပြီ  ၂၁
ကမ္ဘာပေါ်တွင် တစ်မျိုးတည်း သာရှိသည့် ထွင်းဖောက်မြင်နိုင်သော ရေခဲငါးမျိုးစိတ် တစ်မျိုးအား ဂျပန်နိုင်ငံ ငါးပြတိုက်က ထုတ်ဖော် ပြသခဲ့သည်ဟု သိရသည်။ အဆိုပါ ငါးမျိုးတွင် သွေးကိုနီ စေသော ဟီမိုဂလိုဗင် ဓာတ်နှင့်ကြေးခွံများ မပါရှိကြောင်း သိရသည်။

တွေ့ခဲလှသော ငါးမျိုးစိတ် တစ်မျိုးဖြစ်သည့် ယင်းရေခဲငါးများသည် တောင်ပိုင်း သမုဒ္ဒရာ ရေပြင်၏ အေးခဲလှသည့် ရေမှ အောက်ဆီဂျင်အား ရယူကာ အသက်ရှင်လျက် ရှိကြသည်။ ၎င်းငါးများသည် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် လှည့်ပတ်စီးဆင်းရန် အတွက် သွေးရည်ကြည် ကို အသုံးပြုကြသည်။ အဆိုပါ ငါးမျိုးသည် ဟီမိုဂလိုဗင် ပါရှိသည့် အခြားငါး မျိုးများထက် နှလုံးမှ ထုတ်ပေးသည့် စွမ်းအင်ကို နှစ်ဆပိုမို သုံးစွဲရကြောင်း ယခင် လေ့လာ တွေ့ရှိမှုများ အရ သိရသည်။
ထိုငါးမျိုးများနှင့် ပတ်သက်၍ သိရှိထားသည်မှာ အလွန်နည်းပါးကြောင်း တိုကျို အဏ္ဏဝါ ဥယျာဉ်မှ သင်ကြားရေး အထူးပြု တစ်ဦးဖြစ်သူ ဆာတိုရှီတာဒါက ပြောကြားခဲ့သည်။ ကံကောင်း ထောက်မစွာဖြင့် ၎င်းတို့ထံ တွင် အဆိုပါ ငါးမျိုး၏ အဖို၊ အမ တစ်စုံရှိပြီး  ဇန်နဝါရီလ အတွင်းက ဥဥခဲ့သောကြောင့် ၎င်းတို့၏ ရှင်သန်နေထိုင်မှု ဆိုင်ရာ လျှို့ဝှက် ချက်အား အပြည့်အဝ လေ့လာသွားနိုင် မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ လက်ရှိ အချိန်တွင်မူ ပုံမှန်ငါးများတွင် ဟီမိုဂလိုဗင် ၄၅ ရာခိုင်နှုန်း ပါရှိပြီး ထိုငါးများတွင် ၁ ရာခိုင်နှုန်းသာ ပါရှိသောကြောင့် အဆိုပါ ငါးများ၏ အသက်ရှင် နေထိုင်မှု ဆိုင်ရာနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များက အဖြေရှာမတွေ့ သေးကြောင်း သိရသည်။
ref: မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...