Monday, April 22, 2013

အင်ဒိုနီးရှား နိုင်ငံမှ ရွာသားတစ်ဦး အရှည် ၄၄ ပေရှိသော တစ်ယောက်စီး စက်ဘီး တစ်စီးအား ဖန်တီး


ဂျကာတာ ဧပြီ ၂၀
အင်ဒိုနီးရှား နိုင်ငံ အရှေ့ ဂျားဗားပြည်နယ် ဘလာစီ ကျေးရွာမှ ရွာသား တစ်ဦးသည် သံပိုက် များကို အသုံးပြု၍ အရှည် ၄၄ ပေရှိသော နိုင်ငံ၏ အရှည်ဆုံး တစ်ယောက်စီး စက်ဘီး တစ်စီးအား ဖန်တီး တီထွင်ခဲ့ကြောင်း သိရသည်။
၎င်းအမျိုးသားသည် အဆိုပါ စက်ဘီးအား သံချောင်းအရှည် ၈၄ ပေအား အသုံးပြု၍ လက်ဖြင့် ဖန်တီး တီထွင်ထားခြင်း ဖြစ်ပြီး ၎င်းစက်ဘီးတွင် လူတစ်ဦးသာ လိုက်ပါ စီးနင်းနိုင်ကြောင်း သိရသည်။

ထို့အပြင် ၎င်းစက်ဘီးသည် အင်ဒိုနီးရှား နိုင်ငံအတွင်း ယခင်က ဖန်တီး တီထွင်ခဲ့သော အရှည် ၈ ပေရှိ  စက်ဘီး၏ စံချိန်အား ကျော်ဖြတ် နိုင်ခဲ့ပြီးနောက် အင်ဒိုနီးရှား ဂင်းနစ်မှတ်တမ်း ပြတိုက်က နိုင်ငံ၏ အရှည်ဆုံး တစ်ယောက်စီး စက်ဘီးအဖြစ် မှတ်တမ်း တင်ခဲ့ကြောင်း   အာဏာပိုင် များက ပြောကြားခဲ့သည်။
သို့ရာတွင် နယ်သာလန် နိုင်ငံ မာအာဟီဇီး မြို့မှ မီဂျီဗန် မေးယားဝါ့ခ်ပလို ဆိုသူက ၂၀၁၁ ခုနှစ် သြဂုတ် ၅ ရက်တွင် အရှည် ၁၁၇ ပေ ၅ လက်မရှိသော စက်ဘီး တစ်စီးအား ဖန်တီး တီထွင်ခဲ့ပြီး ကမ္ဘာ့ အရှည်ဆုံး စက်ဘီးအဖြစ် ဂင်းနစ်မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရသည်။
ref:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...