Monday, April 22, 2013

ဒိုင်နိုဆော များသည် ရေကူး ကျွမ်းကျင်ကြကြောင်း လေ့လာတွေ့ရှိ


ဝါရှင်တန် ဧပြီ ၂၀
ဒိုင်နိုဆော များသည် ရှည်လျားလှသော အကွာအဝေးအား ကျွမ်းကျင်စွာ ရေကူးသွားလာ နိုင်ကြကြောင်း အယ်ဘာတာ တက္ကသိုလ်မှ သုတေသန ပညာရှင် များက လေ့ လာတွေ့ရှိ ခဲ့ကြသည်။
၎င်းသုတေသန အဖွဲ့မှ ပညာရှင် တစ်ဦးဖြစ်သူ စကော့တ်ပါဆန်သည် တရုတ် နိုင်ငံ၏ မြစ်ကြမ်းပြင် တစ်ခုတွင် ဒိုင်နိုဆောများ ခရီးဝေး သွားခဲ့ကြဟန် ရှိသည့် ခြေရာများအား အမှတ်မထင် တွေ့ရှိခဲ့ရာမှ သိရှိ ခဲ့ကြခြင်း ဖြစ်သည်။
သုတေသန ပညာရှင် များသည် လွန်ခဲ့သော နှစ်ပေါင်း ၁၄၄ သန်းမှ ၆၅ သန်းကြားတွင် ကျင်လည် ကျက်စားခဲ့သော လည်ပင်းရှည် ဒိုင်နိုဆောများ၏ ကျောက်ဖြစ်ရုပ်ကြွင်း ခြေရာများအား မြစ်ကြမ်းပြင် တစ်လျှောက် တွေ့ရှိခဲ့ပြီး ၎င်းခြေရာများသည် ဘယ်၊ ညာ အစဉ်လိုက် ရှိသည်ကို ရှာဖွေ တွေ့ရှိ ခဲ့ကြကြောင်း သိရသည်။
ယခုအခါ တရုတ်နိုင်ငံ စီချွမ် ပြည်နယ်ရှိ အဆိုပါ မြစ်ကြမ်းပြင်တွင် တွေ့ရသော ကျောက်ဖြစ် ရုပ်ကြွင်း ခြေရာများသည် တစ်ခုနှင့် တစ်ခု ၄၅ မီတာ ကွာဝေးပြီး သက်တမ်းအားဖြင့် လွန်ခဲ့သော နှစ်သန်းပေါင်း ၁၀၀ ခန့်ကဖြစ်ကြောင်း သိရသည်။ ဒိုင်နိုဆောများ၏ ဟိုက်ဝေး လမ်းမဟု အမည် ပေးထားသော အဆိုပါ မြစ်ကြမ်းပြင်တွင် ခြေလေးချောင်းရှိ လည်ပင်းရှည် ဒိုင်နိုဆော များ၏ ကျောက်ဖြစ်ရုပ်ကြွင်း ခြေရာပေါင်း မြောက်မြားစွာ ကိုလည်း ပညာရှင် များက တွေ့ရှိ ခဲ့ကြကြောင်း သိရသည်။
ref:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...