Monday, April 22, 2013

ကမ္ဘာ့ အကြီးဆုံး ပန်းရောင် စိန်ပွင့်ကြီးအား အမေရိကန် ဒေါ်လာ ၃၉ သန်းကျော်ဖြင့် လေလံ တင်ရောင်းချ


နယူးယောက် ဧပြီ ၁၈
ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ပန်းရောင် စိန်များအနက် တစ်ခု အပါအ၀င် ဖြစ်သော Princie Diamond အမည်ရှိ ရှားပါး အိန်္ဒိယ စိန်ပွင့် တစ်ပွင့်ကို နယူးယောက် မြို့ရှိ Christie's လေလံ ကုမ္ပဏီတွင် အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၃ သန်းကျော်ဖြင့် လေလံတင် ရောင်းချနိုင် ခဲ့ကြောင်း သိရသည်။
Princie Diamond အမည်ရှိ စိန်ပွင့်ကို အမည် မဖော်လိုသူ တစ်ဦးက ဖုန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း Christie's လေလံ ကုမ္ပဏီက ပြောကြားခဲ့သည်။

၃၄ ဒသမ ၆၅ ကာရက်ရှိ အဆိုပါ စိန်ပွင့်သည် အိန်္ဒိယ နိုင်ငံတောင်ပိုင်း ရှေးဟောင်း ဂိုလ်ကွန်ဒါ ဒေသရှိ စိန်တွင်းများ၏ သမိုင်းကြောင်းကို ခြေရာ ခံနိုင်မည် ဖြစ်ပြီး ယင်းစိန်ပွင့် အားတစ်ချိန်က အိန်္ဒိယ နိုင်ငံ၏ အချမ်းသာဆုံး ပြည်နယ်များ အနက် တစ်ခု အပါအ၀င် ဖြစ်သော မက်ဟဲလ် ပြည်နယ်ကို အုပ်ချုပ်ခဲ့သည့် ဟိုင်ဒရာဘတ် တော်ဝင် မိသားစုက ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ထိပ်တန်း  အရည်အသွေး အကောင်းဆုံး ပန်းရောင် စိန်ပွင့် လေးပွင့်ကို ဂိုလ်ကွန်ဒါ ဒေသတွင် တွေ့ရှိခဲ့ကြောင်း၊ ယင်းဒေသသည် ကမ္ဘာပေါ်ရှိ အစောဆုံး စိန်တွင်းများ ရှိရာ ဒေသဖြစ်ပြီး ၈၀၀ ဘီစီ အစောပိုင်းမှ စတင်၍ စိန်များကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
Princie Diamond သည် ကမ္ဘာပေါ်ရှိ တတိယမြောက် အကြီးဆုံး ပန်းရောင် စိန်ပွင့်တစ်ပွင့် အဖြစ်ဟု ယူဆရ ကြောင်းနှင့် ယင်းစိန်ပွင့်အား လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ ကျော်က ဂိုလ်ကွန်ဒါ ဒေသရှိ စိန်တွင်းများတွင် တွေ့ရှိခဲ့ကြောင်း Christie's ကုမ္ပဏီက ပြောကြားခဲ့ သည်။ အဆိုပါ စိန်ပွင့်အား တစ်ချိန်က ကမ္ဘာ့ အချမ်းသာဆုံး အမျိုးသား တစ်ဦးဖြစ် သူ တော်ဝင် မိသားစုမှ နီဇမ် ဆိုသူက ပိုင်ဆိုင်ခဲ့ကြောင်း ၁၉၃၇ ခုနှစ်ထုတ် Time မဂ္ဂဇင်းတွင် ပြောကြားထားသည်။
ref:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...