Wednesday, April 17, 2013

လူစွန့်စားတစ်ဦးက လေထီးအစား ထီးတစ်လက်နှင့် ဝေဟင်မှမြေပြင်သို့ ဆင်းသက်ပြခဲ့


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တွင် လူစွန့်စားတစ်ဦးသည် ဝေဟင်မှ မြေပြင်ကို လေထီးအစား ထီးတစ်လက်နှင့် ဆင်းသက်ပြသခဲ့သည်။ လူစွန့်စား ဂျွန်ကီအီရာခ်ရိုနာသည် ပေထောင်နှင့်ချီ၍ မြင့်မားသော တောင်ထိပ်ပေါ်မှ အထူးစီမံပြုလုပ်ထားသော ထီးတစ်လက်နှင့် မြေပြင်သို့ဆင်းသက် ပြသွားခဲ့သည်။
အဆိုပါထီးသည် အပူချိန်နှင့် လေတိုက်နှုန်းများကို ခံနိုင်ရည်ရှိအောင် အထူးစီမံပြုလုပ်ထားသော်လည်း လေထုထဲတွင် ပြင်းထန်သော လေဖိအားဒဏ်ကို အလူးအလဲခံခဲ့ရကြောင်း မြေပြင်သို့သက်ဆင်းခဲ့ ပြီးနောက်ပိုင်း ဂျွန်ကီက ၎င်းအားလာရောက် အားပေးသော ပရိသတ်များကို ပြောကြားသွားခဲ့သည်။

1 comment:

  1. ဖတ်သွားပါတယ်။ ကျေးဇူးပါ။ ချမ်းမြေ့ပါစေ။

    ReplyDelete

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...