
တရုတ်ပြည် အရှေ့အလယ်ပိုင်း ဟူဘီပြည်နယ်၊၀ူဟန်မြို့ရှိ ကျောင်းသူတစ်ဦးသည် ၎င်း၏အသုဘအခမ်းအနားကို ၎င်းကိုယ်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း ဧပြီလ၂ရက် တရုတ်ပြည်တွင်း သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ အသက်၂၂နှစ်အရွယ်ရှိ ဇန်ဂျီယာသည် အသုဘအခမ်းအနား မိတ်ကပ်ပြင်ဆင်သူများကို ငှားရမ်းပြီး ၎င်းအားအလှဆင်စေ၍ အသုဘအခေါင်းအတွင်း လဲလျောင်းကာ ငှားရမ်းထားသော ဓာတ်ပုံဆရာများကို ရိုက်ကူးစေခဲ့သည်။ ဇန်ဂျီယာသည် ၎င်းအနေဖြင့် အသက်ရှင်ခြင်း၏ အရသာကိုပိုမိုခံစားနိုင် စေရန်အတွက် ယင်းကဲ့သို့ ခေတ္တခဏသေခြင်း သဘောတရားကို လက်တွေ့ရင်ဆိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသွားခဲ့သည်။

ဖတ်သွားပါတယ်။ ကျေးဇူးပါ။ ချမ်းမြေ့ပါစေ။
ReplyDelete