Thursday, April 11, 2013

ထူးခြား ဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ


ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဗုဒ္ဓအံတော် တစ်ဆူ၏ အရွယ်အစားသည် ဆက်လက် ကြီးထွား လျက် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိသူ များက ပြောကြားထားသည်။
ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင် များသည် အရှည် နှစ်လက်မခန့်ရှိ ဗုဒ္ဓအံတော်အား ဖူးမြော်ကြည့်ရှုရန် စုဝေး ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်း ဓာတ်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီခန့်က ပရိနိဗ္ဗာန် ပြုခဲ့သည့် ဗုဒ္ဓ ဘုရား၏ အံတော်ဖြစ်ပြီး အရွယ်အစားမှာ ပျမ်းမျှအားဖြင့် လူ့သွား တစ်ချောင်း၏ လေးဆခန့် ရှိသည်။

၎င်းရှေးဟောင်း ဗုဒ္ဓမွေတော်တွင် ထူးခြား ဆန်းကြယ်သော စွမ်းအင်မျိုး ရှိသည်ဟု ယူဆရပြီး လက်ရှိတွင် ၎င်းအံတော်သည် ဆက်လက် ကြီးထွားလျက် ရှိကြောင်း Lu က Mountain ဘုန်းတော်ကြီး ကျောင်းရှိ ဘုန်းတော်ကြီး တစ်ပါးဖြစ်သူ သောမတ်မိုင်ယာက ပြောကြားထားသည်။

ဖော်ပြပါ ဗုဒ္ဓအံတော်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၅ဝဝ ခန့်ရှိပြီး ၎င်း အံတော်အား ဆံတော်တစ်ဆူ အပါအဝင် အခြားသော ဓာတ်တော် မွေတော်များနှင့် အတူ အပူဇော်ခံ ပြသထားသည် ဟုလည်း ဘုန်းတော် ကြီး မိုင်ယာက ပြောကြားထားကြောင်း သိရသည်။
ref : မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...