Tuesday, February 27, 2018

ကမ္ဘာ့ လူကြိုက်အများဆုံး အမှတ်ပေးလိဂ် ဘောလုံပြိုင်ပွဲများ

ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးနှင့် စိတ်အ၀င်စားဆုံး အားကစားနည်းမှာ ဘောလုံးပွဲပင် ဖြစ်ပါတယ်။ ထိုအထဲကမှ အမှတ်ပေးလိဂ်ပြိုင်ပွဲများကို ကမ္ဘာတစ်ဝှမ်း အချိန်ပေးကာ ပိုမိုအားပေး ကြိုက်နှစ်သက်ကြပါတယ်။ နေခရမ်းမှ ကမ္ဘာပေါ်တွင် စိတ်ဝင်စားမှုအများဆုံးနှင့် အကျော်ကြားဆုံး လိဂ်ပြိုင်ပွဲများကို တင်ပြပေးခြင်ပါတယ်။ ကျော်ကြားတယ်၊ စိတ်ဝင်စားတယ်ဆိုတာကလည်း နာမည်ကျော် ဘောလုံးသမာတွေ ၊ နည်းပြတွေနဲ့ လှပမြန်ဆန်တဲ့ ကစားကွက် ၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းတွေရှိတတ်တဲ့ လိဂ်ပြိုင်ပွဲတွေကို ပိုမိုကြိုက်နှစ်သက်ကြတာ ထုံးစံပါ။ ဘယ်လိဂ်ပြိုင်ပွဲတွေက အကျော်ကြားဆုံး ၊ လူကြိုက်အများဆုံးလဲဆိုတာ အားကစားအဖွဲ့အစည်းတွေက စစ်တမ်းထုတ်ယူထားတာတွေကို ကြည့်လိုက်ရအောင်နော်။ အားကစားအဖွဲ့အစည်းတွေအနေနဲ့ ဒီစာရင်းကိုပြုစုထားပုံက ပြိုင်ပွဲ တခုကို ၁၀ မှတ်စီ ပေးပြီး အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

1. English Premier League

လိဂ်ပြိုင်ပွဲဆိုကတည်းက အင်္ဂလန်ပရီးမီးယားလိဂ်ကို ပြေးမြင်မိကြမှာပါ။ အမှန်လည်း ကမ္ဘာတစ်ဝှမ်းလုံမှာ အကျော်ကြားဆုံးလိဂ်ပြိုင်ပွဲ တစ်ခုဖြစ်သလို လူကြိုက်အများဆုံးအဖြစ် အမြဲရပ်တည်နေတတ်ပါတယ်။ ဒီစာရင်းမှာလည်း ရမှတ် ၈.၉ ဖြင့် နံပါတ်တစ်ရပ်တည်နေသလို တပွဲပျမ်းမျှ ၂.၉ ဂိုးထိအောင် သွင်းပြီး ဂိုးသွင်းစွမ်းရည် ပြတတ်သည့် လိဂ်ပြိုင်ပွဲပါ။ နာမည်ကျော် အသင်းများရှိကြသလို ၊ နာမည်ကျော်ကစားသမားများလည်း များစွာရှိတတ်ကြပါတယ်။ ထို့ပြင် နာမည်ကျော်နည်းပြများရဲ့လက်အောက်မှာ မြန်ဆန်တဲ့ကစားကွက်မျိုးများဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်တတ်ကြပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်သည့် ဒါဘီပွဲများစွာရှိတတ်သည့် ဒီလိဂ်ပြိုင်ပွဲဟာ လူဦးရေအများဆုံးရှိတဲ့ အာရှတိုက်ရဲ့ အကြိုက်နှစ်သက်ဆုံး လိဂ်ပြိုင်ပွဲတစ်ခုလည်း ဖြစ်နေပါတယ်။ ဒီလိဂ်မှာ အသင်းပေါင်း ၂၀ ရှိပါတယ်။

2. Spanish La Liga

ဒုတိယအဖြစ်ရပ်တည်နေတာကတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားနှစ်ယောက် ပါဝင်ကစားနေတဲ့ စပိန်လာလီဂါ အမှတ်ပေးဘောလုံးပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော်ရီးယဲမက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့နဲ့အတူ ပြိုင်ဆိုင်မှုပြင်ထန်သော ဘောလုံးပွဲများ တွေ့မြင်ရတတ်ပါတယ်။ ထို့ပြင်လှပတဲ့ ကစားကွက်များကို တွေ့မြင်ရတတ်ပြီး ရမှတ် ၈.၆ မှတ်ဖြင့် ဒုတိယနေရာ ရရှိနေပါတယ်။ တစ်ပွဲပျမ်းမျှသွင်းဂိုးကတော့ ပရီးမီးယားလိဂ်ပွဲတွေလိုပဲ ၂.၉ ဂိုးအထိ ဂိုးသွင်းစွမ်းရည် ပြသတတ်ကြပါတယ်။ ဒီလိဂ်မှာ အသင်းပေါင်း ၂၀ ရှိပါတယ်။
3. German Bundesliga

ယခုနောက်ပိုင်း အီတလီစီရီးအေကို ကျော်တက်လာတဲ့ လိဂ်ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံအသင်းရဲ့ အောင်မြင်မှုနဲ့အတူ ပြည်တွင်းအမှတ်ပေးကလပ်ပြိုင်ပွဲတွေဟာလည်း ကမ္ဘာတစ်ဝှမ်း လူစိတ်ဝင်စားမှု ပိုခံရခဲ့ပါတယ်။ စုစုပေါင်းရမှတ် ၈.၅ ဖြင့် တတိယနေရာ ရပ်တည်နေသလို တစ်ပွဲပျမ်းမျှသွင်းဂိုးမှာ ၂.၇ ဂိုးထိရှိပါတယ်။ ကမ္ဘာမှာ တပွဲပျမ်းမျှ ပရိသတ် အများဆုံးကြည့်တဲ့ ပြိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ ဒီလိဂ်မှာ အသင်းပေါင်း ၁၈ သင်းနဲ့ ယှဉ်ပြိုင်ကစားနေကြတာပါ။

4. Italian Serie A

အီတလီ စီးရီးအေ ဘောလုံးပွဲတွေကတော့ အဆင့် ၄ နေရာမှာရပ်တည်နေပါတယ်။ ယခင်ကတည်းက ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းလိဂ်ပြိုင်ပွဲတစ်ခု အဖြစ်သတ်မှတ်ထားကြပေမယ့် ယခုနောက်ပိုင်း လုပ်ပွဲအရှုပ်တော်ပုံများ ၊ ဥရောပကလပ်ပြိုင်ပွဲများတွင် အောင်မြင်မှုနည်းပါးလာခြင်းတို့ကြောင့် အဆင့် နိမ့်ကျခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သမိုင်းတစ်လျောက် အကောင်းဆုံးကစားသမားများ ထွက်ပေါ်ခဲ့ဖူးသလို ပရိတ်သတ်အသည်းစွဲ ဘောလုံးအသင်းများ များစွာရှိတဲ့ လိဂ်ပြိုင်ပွဲပါ။ လှပတဲ့ကစားဟန်နဲ့ ခံစစ်ကစားပုံများကြောင့်လည်း နာမည်ကျော် လူကြိုက်များနေရခြင်း ဖြစ်ပါတယ်။ စုစုပေါင်းရမှတ် ၈ မှတ်ဖြင့် စတုတ္တနေရာမှ ရှိနေပါတယ်။ ဒီလိဂ်မှာ အသင်းပေါင်း ၂၀ ရှိပါတယ်။

5. French Ligue 1

နံပါတ်(၅) နေရာမှာတော့ ပြင်သစ် လီဂူး 1 ကိုသတ်မှတ်ခံရပါတယ်။ ပြင်သစ်နိုင်ငံအသင်းဟာ ဥရောပနဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ အစဉ်အလာကြီးမားခဲ့သလို ပြည်တွင်းကလပ်ပြိုင်ပွဲတွေမှာလည်း လူစိတ်ဝင်စားမှု မြင့်တက်လာနေတာ တွေ့ရပါတယ်။ ရမှတ် ၆.၈ မှတ်ဖြင့် အဆင့်(၅)နေရာ ရပေမယ့် အဆင့်(၄)မှ အီတလီစီးရီးအေနဲ့ ရမှတ်ကွာခြားမှုရှိတာ တွေ့ရပါတယ်။ ကစားသမားကောင်းတွေ မွေးထုတ်ပိုင်ဆိုင်တဲ့ ကလပ်အသင်းများရှိတတ်ကြပြီး တစ်ပွဲပျမ်းမျှသွင်းဂိုး ၂.၅ ဂိုးလောက် ရှိပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲများကြောင့် အားပေးသူပရိသတ်လည်းများတာ အဆင့်(၅) နေရာရနေပါတယ်။ ဒီလိဂ်မှာ အသင်းပေါင်း ၂၀ ရှိပါတယ်။

6. Dutch Eredivisie

အဆင့်(၆) နေရာအတွက် ကမ္ဘာကျော်ကစားသမားများ မွေးထုတ်ပေးတတ်တဲ့ နယ်သာလန်နိုင်ငံမှ အမှတ်ပေးပြိုင်ပွဲ အရီဒီဗိုင်စီကို သတ်မှတ်ခဲ့ကြပါတယ်။ ရမှတ် ၆.၁ မှတ်ရခဲ့ပြီး ဥရောပလိဂ်ပြိုင်ပွဲတွေမှာ အစဉ်အလာကြီးအောင်မြင်ခဲ့တဲ့ အသင်းကြီးတွေ ရှိနေပါတယ်။ ပြီးတော့ လူငယ်ကစားသမားကောင်းတွေ မွေးထုတ်ပေးတတ်သဖြင့်လည်း နာမည်ကျော်ရသလို အားပေးသူ ပရိသတ်လည်းများတာ တွေ့ရပါတယ်။ ဒီလိဂ်မှာ အသင်းပေါင်း ၁၈ သင်း ရှိပါတယ်။

7. Chinese Super League

အဆင့်(၇) နေရာမှာတော့ အာရှတိုက်မှ ထူးထူးခြားခြား တရုတ်စူပါလိဂ်မှ သတ်မှတ်ခံခဲ့ရပါတယ်။ နိုင်ငံအသင်းအနေဖြင့် ကမ္ဘာ့အဆင့်တွင် ထူးထူးခြားခြား အောင်မြင်မှုများ မရှိသေးသော်လည်း ယခုနောက်ပိုင်း ကလပ်အသင်း အမှတ်ပေးပွဲတွေကို ပရိသတ်စိတ်ဝင်းစားမှု မြင့်တက်လာနေပါတယ်။ ဒါကလည်း ငွေသုံးကြမ်းသော ကလပ်အသင်းကြီးများ ရှိနေပြီး ကမ္ဘာကျော် ကစားသမားကောင်းများနဲ့ နည်းပြများကို ခေါ်ယူကစားစေသဖြင့် ဖြစ်ပါတယ်။ အာရှတိုက်မှ နိုင်ငံအသင်းတွင် အစဉ်အလာရှိသော ဂျပန် ၊ တောင်ကိုရီးယားတို့ကို ကျော်ဖြတ်ကာ ကလပ်အသင်းပြိုင်ပွဲများတွင် လူကြိုက်များလာသော ပြိုင်ပွဲတစ်ခုပင် ဖြစ်ပါတယ်။ အဆင့်သတ်မှတ်ချက် ရမှတ်အနေဖြင့် ၅.၅ အထိ ရှိပါတယ်။ ဒီလိဂ်မှာ အသင်းပေါင်း ၁၆ သင်း ရှိပါတယ်။

8. Major League Soccer

အမေရိကန်နိုင်ငံမှ မေဂျာလိဂ်ကတော့ ရမှတ် ၅.၃ ဖြင့် အဆင့် (၈)နေရာ ရပါတယ်။ ဒီနိုင်ငံမှာ ဘက်စကတ်ဘောလို ကစားနည်းမျိုးကို လူအများပိုမိုစိတ်ဝင်းစားကြပေမယ့် နောက်ပိုင်းနှစ်များမှာ ဘောလုံးပြိုင်ပွဲများကို ပိုမိုအားပေးလာတတ်ကြပါတယ်။ ဒီလိဂ်မှာ အသင်းပေါင်း ၂၀ ရှိပါတယ်။

9. Portuguese Primeira Liga

ပေါ်တူဂီမှ ပရီးမီးယားလီဂါကတော့ ရမှတ် ၅.၁ ဖြင့် အဆင်း(၉) နေရာမှာ ရှိနေပါတယ်။ တပွဲပျမ်းမျှ သွင်းဂိုး ၂.၃ ဂိုးရှိပါတယ်။

10. Brasileiro Serie A

ဘောလုံးတွင် ကမ္ဘာကျော်ဖြစ်သော ဘရာဇီးနိုင်ငံမှ ကလပ်အသင်း အမှတ်ပေးပြိုင်ပွဲ စီးရီးအေကတော့ ရမှတ် ၄.၈ ဖြင့် အဆင့် (၁၀) ဖြစ်ပါတယ်။ ကမ္ဘာကျော် ကစားသမားများ များပြားစွာ မွေးထုတ်ပေးတတ်သော လိဂ်ပြိုင်ပွဲတစ်ခုဖြစ်ပြီး အားပေးသူ ပရိသတ်များလည်း များပြားလာပါတယ်။

ဆက်လက်ပြီး အဆင့် (၁၁) မှ (၂၆) အထိ လိဂ်ပြိုင်ပွဲများကို တင်ပြပေးပါမယ်။
11th: Mexican Liga MX, 4.6
12th: Belgian Jupiler Pro, 4.3
13th: Swiss Super League, 4.1
14th: Russian Premier League, 3.9
15th: Ukrainian Premier League, 3.8
16th: Turkish SuperLig, 3.6
17th: Japanese J1 League, 3.5
18th: Argentinian Primera Division, 3.1
19th: Scottish Premier League, 3.1
20th: Polish Ekstraklasa, 2.8
21st: Australian A-League, 2.6
22nd: Arabian Gulf League, 2.6
23rd: Qatar Stars League, 2.4
24th: Super League Greece, 2.3
25th: Indian Super League, 2.3
26th: Egyptian Premier League, 2.0
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...