Monday, February 5, 2018

အိုပေါ့ ပိုက်လုံးအိမ်ယာ

ကျွန်းသေးသေးလေးကို လာရောက်အခြေချ နေထိုင်သူက တနှစ်ထက်တနှစ် များလာနေတဲ့ ဟောင်ကောင်ရဲ လူဦးရေထူထပ်နေမှုကို ဖြေရှင်းနိုင်ဘို့ အာဏာပိုင်တွေက ပိုက်လုံးအိမ်ယာတွေ တည်ဆောက်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။

အရှည် ၁၆ပေ နဲ့ ပေ၁၂၀ပါတ်လည်အကျယ် ရှိတဲ့ ပိုက်လုံးအိမ်အတွင်းမှာ တကိုယ်စာနေထိုင်စားသောက်နိုင် အိပ်နိုင်အောင်စီစဉ်ပေးထားပါတယ်။
ယခုအချိန်မှာ  အိမ်ခန်းတခန်းရဲ့ တန်ဘိုးဟာ  တပေပါတ်လည်ကို ဒေါ်လာ ၁၅၀၀ ဖြစ်နေပါတယ်၊

ဟောင်ကောင်မှာ (ပေ ၁၈၀ ပါတ်လယ်အကျယ်)တိုက်ခန်းတခန်းရဲ့  (၂၀၁၇) န်ေဘိုးဟာ ဒေါ်လာ ၂၀၃၄၀၀(တဒေါ်လာ ပေါက်ဈေး မြန်မာငွေ ၁၃၄၂ ကျပ်)ဈေးပေါက်ပါတယ်။လခစား လက်လုပ်လက်စားပြည်သူ တွေအတွက်  အနေကြပ် အထိုင်ကြပ်ဘ၀နဲ့အခြေအနေကို ဖြေရှင်းနိုင်ဘို့  ကြိုးစာတဲ့
OPod ကွန်ကတစ် ပိုက်လုံးအိမ်ခန်းတွေထပ်ပြီး နေနိုင်အောင်စီစဉ်
ပေးမှာဖြစ်ပါတယ်။


 ၁၁၀၄ ကီလိုမီတာ ပါတ်လည်သာကျယ်ဝန်းတဲ့ 1,104 km2  ဟောင်ကောင် မှာ လူဦးရေဟာ( 7,402,982)ခုနှစ်သန်းလေးသိန်းကျော်နေပါပြီ။နိုင်ငံတကာကနေ လာရောက်အလုပ် လုပ်ကိုင်နေသူ နိုင်ငံခြားသား နှစ်သိန်း ငါးသောင်းကျော်ရှိပါတယ်။

၁၉ ၉ ၇ ခုနှစ်မှာ အင်္ဂလန်က တရုတ်ကို ပြန်ပေးခဲ့တဲ့ဟောင်ကောင်ကျွန်းကို တရုတ်ပြည်မကြီးကလာရောက်နေထိုင်သူတွေလည်း ပိုများလာနေ
ပါတယ်။

ခုလို ပိုက်လုံးအိမ်ယာ ကိုဝယ်မယ်ဆိုရင် ဒေါ်လာ ၁၅၃၅၀ သာပေးရမှာဖြစ်ပြီး အရစ်ကျငွေခြေစနစ်နဲ့ တလ ၃၈၃ ဒေါ်လာ နဲ့ ရောင်ချပေးမယ်လို့ သိရပါတယ်။
Credit : SAW

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...