Monday, February 5, 2018

တစ်လလုံးမှာ နေရောင်ခြည် ၆ မိနစ်ပဲ မြင့်ခဲ့ရသည့် မော်စကိုမြို့ကြီး


ရုရှနိုင်ငံ ၊ မော်စကိုမြို့ကြီးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တစ်လလုံးတွင် နေရောင်ကို ၆ မိနစ်သာ တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့်ပင် မော်စကိုမြို့အတွက် အမှောင်မိုက်ဆုံး လ တစ်လအဖြစ် စံချိန်တင်ခဲ့ပါသည်။ အပူချိန် - ၇ ဒီဂရီစင်တီဂရိတ်ရှိပါသည်။ မော်စကိုမြို့သည် လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ တစ်လလုံး၌လည်း ၃ နာရီသာ နေရောင်မြင်ခဲ့ရသော အခြေအနေ ဖြစ်ပေါ်ခဲ့ဖူးပါသည်။

ရုရှနိုင်ငံသည် နိုင်ငံဧရိယာ ကျယ်ဝန်းသလို ဆောင်းရာသီတွင် အအေးဒဏ်ပြင်းစွာခံရသော ဒေသများ အများအပြား ရှိပါသည်။ ကမ္ဘာပေါ်တွင် အအေးဆုံး လူနေထိုင်ရာ ဒေသများ ရှိရာနိုင်ငံဖြစ်ပြီး ယခုနှစ်တွင်လည်း ရုရှားနိုင်ငံ၏ အရှေ့ဘက်စွန်းက အအေးခဲဆုံး အစိတ်အပိုင်းအဖြစ် နာမည်ကျော်သည့် ယာကူတီယာဒေသမှာ အပူချိန် (- ၆၀) ဒီဂရီစင်တီဂရိတ်အောက်အထိ ရောက်ရှိခဲ့ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...