(၁) Vostok, Antarctica

ကမ္ဘာပေါ်တွင် အအေးဆုံးဒေသဆိုရင် အန္တာတိကတိုက်ကို ပြေးမြင်မိကြမှာပါ။ မှန်ပါတယ်။ အန္တာတိကတိုက်မှ Vostok ရုရှလေ့လာရေးစခန်းဟာ ၁၉၈၃ ခု ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် တိုင်းတာချက်အရ −89.2 °C (−128.6 °F) အထိရှိခဲ့ပါတယ်။ ဒါဟာ ယနေ့အချိန်အထိ အအေးဆုံး ဒေသအဖြစ် သတ်မှတ်ခံထားရတဲ့ စံချိန်တစ်ခုပါ။ ယခုတွင် သြဂုတ်လ၌ အအေးဆုံးလ ဖြစ်ပါတယ်။ အန္တာတိကတိုက်သည် လေ့လာစရာများစွာ ကျန်ရှိနေပြီး သုတေသနပြုနေရသည့် တိုက်ကြီးတစ်ခုပါ။ တကယ်တော့ ထို Vostok ဒေသသည် ကမ္ဘာတစ်ခုလုံးတွင် နေနှင့်အနီးဆုံးနေရာမှာ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်နှစ်ပတ်လုံး အပူချိန်အလွန်နည်းပြီး အေးခဲနေသည့် ရေခဲပြင်ဒေသတစ်ခု ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံးလောက် အလင်းရောင်ရနေပေမယ့် မေလမှ သြဂုတ်လ အထိကတော့ နေရောင်ခြည်လုံးဝ မရရှိပါ။ ထိုဒေသတွင် ဒီဇင်ဘာလ၌ နေ့စဉ် တရက်ကို အလင်းရောင် ၂၂. ၉ နာရီထိရရှိပြီး နေ၀င်သည့် ညအချိန်က ၁ နာရီကျော်ပဲ ရှိပါတယ်။

(၂) Plateau Station, Antarctica

အန္တာတိကတိုက်မှာပဲ တည်ရှိတဲ့ အမေရိကန်လေ့လာရေးစခန်း တစ်ခုဖြစ်ပါတယ်။ ထိုဒေသတွင် ၁၉၆၈ ခု ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် -86.2 °C (-123.1 °F) အထိ အလွန်အေးခဲ့ပြီး မှတ်တမ်းတင်ထားခဲ့ပါသည်။ ယနေ့အချိန်များတွင် ဇူလိုင်လမှာ အအေးဆုံးဖြစ်ပါတယ်။ ထိုဒေသတွင် နွေရာသီသည် အလွန်တိုတောင်းပြီး အေးမြလှပါတယ်။ အေးခဲလွန်းသော ဆောင်းရာသီနှင့် ပတ်ဝန်းကျင်သည်လည်း မှောင်မဲနေတတ်တဲ့ ဒေသတစ်ခုပါ။
(၃) Oymyakon, Russia

ကမ္ဘာပေါ်တွင် လူနေထိုင်သည့် မြို့ရွာများတွင် ကမ္ဘာ့အအေးဆုံး အဖြစ် မှတ်တမ်းတင်ခြင်း ခံရပါတယ်။ ရုရှနိုင်ငံ ပိုင်နက်အတွင်းမှာတည်ရှိပြီး မြေကြီးသည် အလွန်အေးသဖြင့် ဆီးနှင်းရေခဲများသာ တွေ့မြင်ရမှာပါ။ ၁၉၂၄ခုနှစ်က အပူချိန် −71.2 °C (−96.2 °F) အထိကျဆင်းပြီး မှတ်တမ်းတင်ထားခြင်း ခံရပါတယ်။ ယခုနှစ်များတွင် ဒီဇင်ဘာ ၊ ဇန်န၀ါရီ နဲ့ ဖေဖော်ဝါရီလများတွင် ပျမ်းမျှ အပူချိန် −50 °C (−58 °F) အထိကျဆင်းတတ်ပါတယ်။ သို့ပေမယ့် ဇွန် နှင့် ဇူလိုင်လများတွင် အပူချိန်တက်လာတတ်ပြီး ပျမ်းမျှ −10 °C (14 °F) အထိ ရှိလာပါတယ်။ ထိုဒေသ၏ အကြောင်းအရာ အပြည့်အစုံနှင့် ပုံများကို နေခရမ်း Page တွင် သီးခြားတင်ပေးဖူးပါတယ်။

(၄) Verkhoyansk, Russia

ကမ္ဘာပေါ်တွင် အအေးဆုံးနိုင်ငံတစ်ခုအဖြစ်သည့် ရုရှနိုင်ငံမှ Verkhoyansk မြို့ကလေးဟာ စတုတ္တမြောက် ကမ္ဘာ့အအေးဆုံး နေရာဖြစ်ပါတယ်။ ဒီမြို့လေးရဲ့ ထူးခြားချက်ကတော့ ဆောင်တွင်းဘက်မှာ အလွန်အေးပေမယ့် နွေဆိုရင် အလွန်ပူပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်တွင် ဆောင်း နှင့် နွေ၌ အပူ နှင့် အအေး ကွာခြားမှု အများဆုံးဒေသတစ်ခု အဖြစ်သတ်မှတ်ခြင်း ခံရပါတယ်။ အအေးဆုံးအဖြစ် ၁၈၉၂ ခု ၊ ဖေဖော်ဝါရီလတွင် −69.8 °C (−93.6 °F) အထိ ရှိခဲ့ပါတယ်။ ထိုမြို့လေးတွင် လူဦးရေ ၁၃၁၁ ယောက်သာ နေထိုင်ပြီး ၀င်ရိုးစွန်းဒေသ ပြတိုက်မြို့လေး ဖြစ်ပါတယ်။ ထိုမြို့တွင် လေယာဉ်ကွင်း ၊ သဘောင်္ဆိပ် ၊ သိုးမွှေးစုဆောင်းရာဂိုထောင်များ နှင့် အအေးပိုင်းသမင်များ နေထိုင်ကျက်စားရာ ဒေသတစ်ခု ဖြစ်ပါတယ်။
(၅) North Ice, Greenland

အလွန်အေးသည့် ဂရင်းလန်ရေခဲပြင်အတွင်းတွင် တည်ရှိတဲ့ နေရာပါ။ ဗြိတိသျှ ဂရင်းလန် မြောက်ပိုင်း လေ့လာရေးအဖွဲ့ရဲ့ စခန်းတည်ရှိရာ နေရာပါ။ ထိုအဖွဲ့ရဲ့အမည်ကို အစွဲပြုပြီး North Ice ဟုအမည်ရတာပါ။ အအေးဆုံးအချိန်အဖြစ် မှတ်တမ်းတင်ထားတာက -66°C (-86.8 °F) ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် 2,341 meters (7,680 ပေ ) တွင်တည်ရှိပါတယ်။

(၆) Eismitte, Greenland

ဂရင်းလန်မှာပဲတည်ရှိပြီး Eismitte ရဲ့အဓိပ္ပါယ်က ဂျာမာန်ဘာသာဖြင့် ရေခဲပြင်ဗဟိုလို့ ဖြစ်ပါတယ်။ တကယ်လည်း ဒီဒေသလေးဟာ အာတိတ်ဒေသရဲ့ အတွင်းပိုင်းမှာ တည်ရှိနေပြီး မြောက်ကမ္ဘာခြမ်း၏ အအေးဆုံး နေရာများမှာ တစ်ခုအပါအ၀င်ပါ။ အအေးဆုံးစံချိန်အဖြစ် မတ်လတွင် −64.9 °C (−85 °F) အထိရှိခဲ့ပါတယ်။ ထိုဒေသရဲ့ အပူနွေးဆုံးအချိန်အဖြစ် မှတ်တမ်းတင်ထားတာက ဇူလိုင်လတွင် −1.8 °C (28.8 °F) ဖြစ်ပါတယ်။ ထိုဒေသတွင် နှစ်စဉ်နှစ်တိုင်း မေလ ၁၃ ရက်မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ လုံးဝ နေမ၀င်ပါဘူး။ အလားတူ နိုဝင်ဘာလ ၂၃ ရက်မှ ဇန်န၀ါရီ ၂၀ ရက်နေ့အထိ နေ လုံးဝ မထွက်ပါ။

(၇) Snag, Yukon, Canada

Snag သည် ကနေဒါနိုင်ငံတွင် တည်ရှိတဲ့ ကမ္ဘာ့အအေးဆုံး ကျေးရွာလေးတစ်ရွာပါ။ Yukon ဒေသမှာ တည်ရှိနေပြီး ရာသီဥတုကတော့ အလွန်ချမ်းအေးပြီး ရေခဲနေပါတယ်။ ဇန်နဝါရီလသည် အအေးဆုံးဖြစ်ပါတယ်။ အအေးဆုံးအဖြစ် မှတ်တမ်းတင်ထားတာကတော့ −63.0 °C (−81.4 °F) ဖြစ်ပါတယ်။

(၈) Prospect Creek, Alaska, USA

အမေရိကန်နိုင်ငံရဲ့ အအေးဆုံးပြည်နယ်တစ်ခု ဖြစ်တဲ့ အလက်စကာမှာ တည်ရှိပါတယ်။ Prospect Creek ဟာ အမေရိကန်မှာတော့ အအေးဆုံး အရပ်ပါ။ ဒီဒေသမှာ ဆောင်းရာသီကို ကြာရှည်စွာခံစားရသလို နွေရာသီကတော့ အလွန်တိုတောင်းပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် 643 ပေ (196 m) တွင်တည်ရှိနေပြီး အအေးဆုံးအချိန်အဖြစ် မှတ်တမ်းတင်ထားတာကတော့ −62 °C (−80 °F) ဖြစ်ပါတယ်။
(၉) Fort Selkirk, Yukon, Canada

Fort Selkirk သည် ကနေဒါနိုင်ငံ Yukon အရပ်တွင်တည်ရှိပြီး Yukon မြစ်နှင့် Pelly မြစ်တို့ ဆုံရာ အလွန်အေးသော နေရာတစ်ခုပါ။ အအေးဆုံးလဟာ ဇန်နဝါရီလ ဖြစ်ပြီး အအေးဆုံးအဖြစ် မှတ်တမ်းတင်ထားတာက −58.9 °C (-74 °F) ဖြစ်ပါတယ်။ ထိုဒေသတွင် ၁၉၅၀ ခုနှစ်၌ အလွန်အမင်း အေးသောကြောင့် လူနေထိုင်ခြင်း ကင်းမဲ့ခဲ့ရပါတယ်။ ယခုအချိန်မှာတော့ လူများ ပြန်လည်အခြေချ နေထိုင်ကြပေမယ့် ထိုဒေသကို ရောက်ရှိမယ့် အဓိကလမ်းမကြီး မရှိသေးပါဘူး။ ခရီးသွားများဟာ အများအားဖြင့် ရေလမ်း နှင့် လေယာဉ်ကိုသာ အသုံးပြုကြပါတယ်။

(၁၀) Rogers Pass, Montana, USA

ပင်လယ်ရေမျက်နှာပြင်အထက် 5,610 ပေ အမြင့်တွင် တည်ရှိနေပြီး အမေရိကန်နိုင်ငံ၏ ဒုတိယအအေးဆုံး နေရာဖြစ်ပါတယ်။ မွန်းတားနားပြည်နယ်မှာ ရှိပါတယ်။ ၁၉၅၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် −57 °C (−70 °F) အထိ အပူချိန်ကျဆင်းခဲ့ပြီး အအေးဆုံးအချိန်အဖြစ် မှတ်တမ်းတင်ထားခဲ့ပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။