Tuesday, February 13, 2018

ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ကမ္ဘာ့အကြီးဆုံး Iguazuú ရေတံခွန်ကြီး

ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အလှပဆုံးရေတံခွန်ကြီးအဖြစ် သတ်မှတ်ထားကြသော အီဂွါဇူရေတံခွန်ကြီး အကြောင်း တင်ပြပေးပါမယ်။ ထို့ပြင် ထိုရေတံခွန်ကြီးသည် ယခုနောက်ဆုံး မဲပေးရွေးချယ်ထားသည့် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ကမ္ဘာ့အံ့ဖွယ် (၇) ခုတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ရေတံခွန်ကြီးသည် အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့ အကြားတွင် နှစ်နိုင်ငံ နယ်နမိတ်အစပ်၌ တည်ရှိနေတာပါ။ ရေတံခွန်ကြီး၏ ကျဆင်းနေမှု ဧရိယာမှာ ကျယ်ပြန်ကြီးမားသလို လှပသောရှု့ခင်းများကြောင့်လည်း ကမ္ဘာကျော် ရေတံခွန်ကြီးဖြစ်နေတာပါ။

Iguazu ရေတံခွန်ကြီးသည် Iguazu မြစ်ကြီးပေါ်တွင် ဖြစ်တည်နေခြင်း ဖြစ်ပြီး ရေတံခွန်အခွဲပေါင်း (၂၇၅)ခု အထိခွဲကာ ကျဆင်းနေခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် အနိမ့်အမြင့် အမျိုးမျိုးဖြင့် ရေတံခွန်များများစွာ စုစည်းကျဆင်းနေပုံမှာ တွေ့မြင်ရသူအနေဖြင့် ရင်သပ်ရှုမောဖွယ် ဖြစ်စေပါတယ်။

Iguazu ရေတံခွန်ကြီးစုစုပေါင်းအကျယ်ပမာဏသည် (၁.၇ မိုင်) 2.7 km အထိရှိပါတယ်။ အမြင့်အားဖြင့် (၁၉၇ ပေ မှ ၂၆၉ ပေ) 60-82 m အထိ အနိမ့်အမြင့် အမျိုးမျိုးသော ရေတံခွန်များစွာ စုစည်းကျဆင်းနေပါတယ်။


Iguazu ရေတံခွန်ကြီးသည် အာဂျင်တီးနားနှင့် ဘရာဇီး နှစ်နိုင်ငံ နယ်နိမိတ်အဖြစ် တည်ရှိနေသော်လည်း ရေတံခွန်ကြီး၏ အစိတ်အပိုင်း အတော်များများသည် အာဂျင်တီးနားပိုင်နက်ထဲတွင် ရှိနေတာပါ။

ဥရောပတိုက်သားများအနေဖြင့် Iguazu ရေတံခွန်ကြီးရှိနေခြင်းကို အစောဆုံးမှတ်တမ်းတင်ထားသည်မှာ ၁၅၄၁ ခုနှစ်တွင် ဖြစ်ပါတယ်။ ယခုအခါတွင်တော့ ကမ္ဘာ့အကြီးဆုံး နှင့် အလှပဆုံး Iguazu ရေတံခွန်ကြီးကို နှစ်စဉ်ခရီးသည်ပေါင်း တစ်သန်းခန့် လာရောက်လည်ပတ်တတ်ကြပါတယ်။














သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...