Wednesday, January 29, 2020

ကမ္ဘာ့အရပ်အမြင့်ဆုံး စေတနာရှင် ခွေးကြီး


ယနေ့အချိန်အထိ ကမ္ဘာ့အရပ်အမြင့်ဆုံးအဖြစ် စံချိန်တင်ထားတဲ့ ခွေးကြီးကတော့ Zeus ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ မစ်ချီဂန်ပြည်နယ်၊ Otsego မှ Denise Doorlag မိသားစုက မွေးထားတဲ့ Great Dane အမျိုးအစားခွေးကြီးဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်တွင် တရားဝင်တိုင်းတာမှုအရ ၁.၁၁၈ မီတာ (၄၄ လက်မ) အမြင့်ရှိပါတယ်။ ပုံစံအားဖြင့် အကောင်ကြီးကြီး ကြောက်စရာခွေးကြီးဖြစ်ပေမယ့် Zeus ကတော့ လူယဉ်ပြီး လိမ္မာတဲ့ ခွေးတစ်ကောင် ဖြစ်ပါတယ်။


Zeus ဟာ ဆေးရုံများကို လှည့်လည်ပြီး ဝေဒနာရှင်များနဲ့ အနီးကပ်နေကာ အားပေးလေ့ရှိတဲ့ ခွေးလိမ္မာပါ။ သူဟာ လူနာများမှ ကိုင်တွယ်ပွတ်သပ် ဆော့ကစားတာကိုလည်း ငြိမ်နေပြီး ကျေနပ်နေတတ်ပါတယ်။

ဒီလို တဖက်တလမ်းမှ ဝေဒနာရှင်များကို စိတ်ခွန်အားပေး ပျော်ရွှင်စေတတ်တဲ့ Zeus ဟာ ၂၀၁၄ စက်တင်ဘာလထဲတွင် သူ့အသက် ၅ နှစ်သားအရွယ်မှာ သေဆုံးခဲ့ပါတယ်။ သူသေဆုံးခဲ့ပေမယ့် သူ့ထက်အရပ်မြင့်တဲ့ ခွေးကြီးများ မပေါ်သေးသဖြင့် ယခုအချိန်အထိ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတွင် ဖော်ပြခံနေရခြင်း ဖြစ်ပါတယ်။
သူငယ်​ချင်းတို့​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​စေ .....​နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...