Wednesday, January 29, 2020

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ Google ပေါ်တွင် ရှာဖွေမှုအများဆုံး အကြောင်းအရာများ



Google ရဲ့ search engine ပေါ်မှာ ကမ္ဘာအရပ်ရပ်မှ လူများအနေနဲ့ သိချင်တဲ့အကြောင်းအရာများကို အချိန်တိုင်းရှာဖွေနေကြပါတယ်။ မိမိသိချင်တဲ့ အကြောင်းအရာကို စက္ကန့်ပိုင်းအတွင်း သိနိုင်လို့ လူသုံးအများဆုံး website တစ်ခုလည်း ဖြစ်ပါတယ်။

ကမ္ဘာအရပ်ရပ်မှ ၂၀၁၉ ခုနှစ်အတွင်း ရှာဖွေမှုအများဆုံး အကြောင်းအရာများကို ထုတ်ပြန်ပေးတဲ့နေရာမှာ မြန်မာနိုင်ငံမှ ရှာဖွေမှုအများဆုံး အချက်အလက်များကိုလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။


မြန်မာနိုင်ငံမှ သုံးစွဲသူများအနေနဲ့ ဘယ်အကြောင်းအရာများကို ရှာဖွေမှုများခဲ့တယ်ဆိုတာ အောက်ကဇယားကွက်မှာ ကြည့်နိုင်ပါတယ်။
ရှာဖွေမှုကို ဖော်ပြရာတွင် စိတ်ဝင်စားမှုအများဆုံး အကြောင်းအရာ(Trending Searches)၊ တစ်ဦးချင်းအကြောင်းအရာ (Individuals)နဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများ (Movies and Series) စသည်ဖြင့် ဖော်ပြခဲ့ပါတယ်။

စိတ်ဝင်စားမှုအများဆုံး အကြောင်းအရာ (Trending Searches) တွင် Thanos ကပထမနေရာယူထားသလို ယူနီကုတ်ဖောင့်နဲ့ ဂိမ်းများနဲ့ app များပါဝင်နေပါတယ်။ အသစ်ထွက် Redmi Note 7 နဲ့အတူ တောင်ကိုရီးယားအမျိုးသားအနုပညာရှင် တစ်ဉီးပါဝင်နေပါတယ်။ ဒါကတော့ ဘယ်သူတွေ အရှာအများဆုံးလည်းဆိုတာ သိမှာပါနော် 😅

တစ်ဦးချင်းအကြောင်းအရာ (Individuals) များတွင်လည်း တရုတ်အမျိုးသားအနုပညာရှင်နဲ့အတူ မိန်းကလေးများအားပေးမှုများတဲ့ အမျိုးသားများ ပါဝင်နေသလို ယောကျာ်းလေးများ အားပေးမှုအများဆုံး အမျိုးသမီး အနုပညာရှင်တွေလည်း ပါဝင်နေတာ တွေ့မြင်ရပါတယ်။
ဘယ်သူတွေလည်းဆိုတာ ကြည့်လိုက်ပါနော်။ ၂၀၁၉ ခုနှစ်မှာ အောင်လအန်ဆန်ပါဝင်နေတာတော့ ဖြစ်သင့်ပါတယ်။

ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများ (Movies and Series) မှာတော့ ပရိတ်သတ်အကြိုက် ဇာတ်လမ်းများနဲ့အတူ The Voice Myanmar သီးချင်းဆိုပြိုင်ပွဲအစီအစဉ်လည်း ပါဝင်နေပါတယ်။
သူငယ်​ချင်းတို့​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​စေ .....​နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...