Wednesday, January 29, 2020

တရားဝင် အမည်သတ်မှတ်ခဲ့ကြတဲ့ ဧရာဝတီကြယ်နှင့် ပုဂံဂြိုလ်


မြန်မာတို့၏အသဲနှလုံးအဖြစ် တင်စားကြတဲ့ ဧရာဝတီနှင့် ပုဂံတို့သည် စကြာဝဠာရှိ ကြယ်နှင့်ဂြိုလ်၏ ကိုယ်ပိုင်အမည်အဖြစ် သတ်မှတ်ပေးခြင်း ခံခဲ့ရပါတယ်။
နိုင်ငံတကာနက္ခတ်တာရာအဖွဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အစီအစဉ် တစ်ခုအနေဖြင့် ”NameExoWorlds project” အရ ကမ္ဘာ့နိုင်ငံများမှ နေစကြာဝဠာပြင်ပရှိ နာမည်မပေးရသေးသော ကြယ်နှင့်ဂြိုလ်များကို မိမိတို့သတ်ဆိုင်ရာအမည်များကို ပေးရန် စီစဉ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့်လည်း မိမိတို့ပေးလိုသောအမည်ကို အဆင့်ဆင့်ရွေးချယ်ကာ ပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ပေးပို့အမည်သတ်မှတ်ပေးခြင်းခံရသော ဧရာဝတီကြယ်သည် မူလက HD 18742 လို့အမည်ပေးထားခြင်း ဖြစ်ပါတယ်။ ထိုကြယ်သည် ကျွန်ုပ်တို့ နေအဖွဲ့အစည်းပြင်ပတွင်ရှိသော Eridanus ကြယ်စုထဲမှာရှိနေပြီး ကမ္ဘာကနေ အလင်းနှစ် ၅၀၃ နှစ်အကွာအဝေးမှာ ရှိနေခြင်း ဖြစ်ပါတယ်။ ဧရာဝတီကြယ်သည် ကျွန်ုပ်တို့ နေထက် ၅ ဆလောက်ပိုကြီးပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂.၃ ဘီလျံရှိပါပြီ။
ထိုဧရာဝတီကြယ်ကို လှည့်ပတ်နေသည့် မူလက HD 18742 B ဟုအမည်ပေးထားသောဂြိုလ်ကို ပုဂံဂြိုလ်လို့ အမည်သတ်မှတ်ခဲ့ပါတယ်။ ထိုဂြိုလ်၏ အရွယ်အစားမှာ ကြာသပတေးဂြိုဟ်ထက် ၃.၄ ဆပိုကြီးမားပါတယ်။ ဧရာဝတီကမ်းနဖူးမှ ပုဂံမြို့နှင့် ပဏာရလှတဲ့ အမည်များ ဖြစ်ပါတယ်။
”NameExoWorlds project” ကြယ်နဲ့ဂြိုဟ်တွေကို နာမည်သစ်တွေပေးတဲ့အခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ နိုင်ငံပေါင်း ၁၁၂ နိုင်ငံတက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံနည်းတူ အခြားနိုင်ငံများမှလည်း မိမိတို့ သတ်ဆိုင်ရာအမည်များကို တင်သွင်းသတ်မှတ်ခဲ့ကြပါတယ်။
အခြားအရှေ့တောင်အာရှနိုင်ငံများဖြစ်သော စင်ကာပူက ၄၏ ကိုယ်ပိုင်နေကို Parumleo ၊ မလေးရှားက Intan၊ ထိုင်းက Chao Phraya၊ ဖိလစ်ပိုင်က Amansinaya၊ ဘရူနိုင်းက Gumala စသည်ဖြင့် အမည်သတ်မှတ်ခဲ့ကြပါတယ်။
သူငယ်​ချင်းတို့​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​စေ .....​နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...