Wednesday, November 16, 2016

ပုံစံထူးခြားသော နှုတ်ခမ်းနီငါး

အနီရောင် နှုတ်ခမ်းဆိုးဆေးဆိုးထားသကဲ့သို့ သိသိသာသာ
နှုတ်ခမ်းနီနေသော ငါးမျိုးများကို Red-lipped Batfish (သို့)
တွေ့ရှိရာဒေသကို အစွဲပြုပြီး Galapagos batfish ဟုလည်း
ခေါ်ကြပါသည်။

တွေ့မြင်နေကျ သမာရိုးကျ ငါးပုံစံမျိုး မဟုတ်သော ထိုငါးများကို
Galapagos ကျွန်းစုများတွင် တွေ့ရှိရပြီး ရေပြင်အနက် 3 m မှ
76 m (၁၀ ပေ မှ ၂၄၉ ပေ) အတွင်း ရေအနက်တွင် နေထိုင်
ရှင်သန်တတ်ကြပါသည်။



Red-lipped Batfish ငါးများသည် ရေကူးနှေးကွေးကြပြီး
သူတို့သည် ပင်လယ်ကြမ်းပြင်တွင် ရင်ဘက်ရှိ ဆူးတောင်များကို
အသုံးပြုပြီး လမ်းလျှောက်သကဲ့သို့ သွားလာလေ့ရှိပါသည်။


Red-lipped Batfish ငါးများအတွက် သဘာဝတရားက
မျှတအဆင်ပြေအောင် ဖန်တီးပေးထားသကဲ့သို့ သူတိ့၏
ဆူးတောင်များ တည်ရှိနေပုံမှာလည်း အခြားငါးများနှင့်မတူ
တစ်မူထူးနေပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း


No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...