Saturday, February 23, 2013

အရှိန်အမြန်ဆုံး ကမ္ဘာ့စံချိန်သစ် တင်ခဲ့သည့် Hennessey Venom GT ပြိုင်ကား


အလွန် အံ့သြဖွယ် ကောင်းပြီး နည်းပညာ မြင့်မားသည့် စူပါကား တစ်စီးက ကမ္ဘာ့အမြန်ဆုံး အရှိန်ဖြင့် မောင်းနှင်နိုင်သည့် ကားအဖြစ် ၂ဝ၁၃ ခုနှစ်တွင် စံချိန်သစ် တင်ခဲ့သည်။  အဆိုပါ ကားမှာ မြင်းကောင်ရေ ၁၂၄၄ ကောင် အင်အားရှိသည့် 7-litre V8 အင်ဂျင်တပ်ဆင် ထားသည့် အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်သား တစ်ဦးမှ ထုတ်လုပ်လိုက်သည့် Hennessey Venom GT ကားဖြစ်သည်။

အမေရိကန် နိုင်ငံ ဟူစတန် လေယာဉ်ပြေးလမ်း တစ်ခုပေါ်တွင် Hennessey Venom GT ကားသည် အချိန် ၁၃ ဒသမ ၆၃ စက္ကန့် အတွင်း တစ်နာရီ ၁၈၆ မိုင်နှုန်းဖြင့် ကမ္ဘာ့အမြန်ဆုံး စံချိန်သစ် တင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း ပြိုင်ကားသည် လုံလောက်သည့် လေယာဉ် ပြေးလမ်း အရှည်ရရှိပါက အမြန်ဆုံး တစ်နာရီ မိုင် ၂၇ဝ နှုန်း အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။ ယခင်ကမ္ဘာ့ စံချိန်ဟောင်းမှာ အမြန်နှုန်း တစ်နာရီ ၁၈၆ မိုင်ကို အချိန် ၁၄ ဒသမ ၅၃ စက္ကန့်ဖြင့် Koenigsegg Agera ကားက စံချိန်တင် ထားခဲ့ပြီး Hennessey Venom GT ကားက အချိန် ၁၃ ဒသမ ၆၃ စက္ကန့်ဖြင့် ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတွင် စံချိန်သစ် တင်နိုင်ခဲ့သည်။ ၎င်းကားသည် အမြန်နှုန်း တစ်နာရီ မိုင် ၂ဝဝ နှုန်းသို့ အချိန် ၁၄ ဒသမ ၅၁ စက္ကန့်အတွင်း အရှိန်မြှင့် မောင်းနှင်နိုင်ပြီး Buga-tti Veyron Super Sport ကားထက် ၇ ဒသမ ၇ စက္ကန့် ပိုမြန်သည်။ Hennessey Venom GT ကားကို ယာဉ်မောင်း ဂျွန်ကီးဝစ်ဇ်က အမြန်နှုန်း တစ်နာရီ မိုင် ၁ဝဝ နှုန်းသို့ အချိန် ၅ ဒသမ ၈၈ စက္ကန့်အတွင်း အရှိန်မြှင့်တင် နိုင်ခဲ့ပြီး တစ်မိုင်ခန့် မောင်းနှင် ပြီးချိန်တွင် တစ်နာရီ ၂ဝ၅ မိုင် အမြန် နှုန်းသို့ ရောက်ရှိခဲ့သည်။ Hennessey Venom GT ကား၏ တန်ဖိုးမှာ စတာလင်ပေါင် ၉၁ဝဝဝဝ ဖြစ်ပြီး လက်ရှိအမြန်ဆုံး Veyron Super Sport ကားစံချိန်အား ကျော်ဖြတ်ကာ ကမ္ဘာ့ စံချိန်သစ် တင်ခဲ့ပြီဖြစ် သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...