အိမ်မက်( သို့  ) စိတ်အာရုံ၏လှုံ့ ဆော်မှုကြောင့် ဖြစ်
ပေါ်လာတဲ့ထူးဆန်းတဲ့ အဖြစ်အပျက်များပါ။

၁၈၃၃ ခု | သြဂုတ်လထဲမှာ ဂျိုဆီယာဝီလ်ဘာဂါ သည်
တက်ဆက်ပြည်နယ် အော်စတင်မြို့ အနီးအင်ဒီးယန်းတွေ
ရဲ့ ချုံခိုတိုက်ခိုက်ခြင်းကို ခံရပါတယ် ။ ခြေထောက်နှစ်ဖက်စလုံးနှင့်
တင်ပါး ၊ လည်ပင်းတို့ မှာ သေနက်ဒဏ်ရာများ
ရရှိခဲ့ပါတယ်။ ဒါတင်မက ဦးရေခွံကိုလည်း ခွာယူသွားတာ
ခံခဲ့ရပါတယ် ။ ဖြစ်တဲ့နေရာမှ ခြောက်မိုင်အကွာ လယ်တောအိမ်
မှာနေထိုင်တဲ့ မစ္စစ်ဟွန်းစကီ ဆိုသူအမျိုးသမီးသည် ထူးခြား
တဲ့အိမ်မက်ကို မြင်မက်ပါတယ် ။ ဒါကတော့ ဝီလ်ဘာဂါ
၏အကူအညီတောင်းသံရယ် ပြီးတော့ သူ့ ကိုဘယ်နေရာမှာ
ရှာရမယ်ဆိုတာကို အသံများကြားမြင်ခဲ့ရပါတယ် ။
ထိုအမျိုးသမီးရဲ့ ခင်ပွန်းနဲ့ မိတ်ဆွေများက အဲဒီနေရာကို
အချိန်မှီရောက်ရှိပြီး ဝီလ်ဘာဂါ၏ အသက်ကိုကယ်တင်နိုင်
ခဲ့ကြပါတယ် ။
မိမိနှင့် မသိကျွမ်းသူတစ်ဦးရဲ့ အသက်ဘေးနှင့် ရင်ဆိုင်နေရ
မှုကို သိမြင်ခဲ့သည့် သူမ၏အိမ်မက်ကလည်း အံ့သြစရာပါ။

နောက်ထပ်တင်ပြမည့်အကြောင်းကတော့ ဒုတိယကမ္ဘာစစ်
တွင် ကြီးသုံးကြီးစာရင်းဝင် အင်္ဂလန်ဝန်ကြီးချုပ် ဆာဝင်စတန်ချာချီ ပါ ။
၁၉၄၂ ဧပြီလ ၁၃ ရက်တွင် ချာချီသည် စစ်ရေးပြပွဲ တစ်ခုကို
တက်ရောက်ရန်ရှိပါတယ် ။ သူသွားခါနီး အချိန်တွင် သူ့ ဟာသူ
စိတ်လေး စိတ်ထင့်နေတာကြောင့်သူမသွားတော့ဖို့ ဆုံးဖြတ်
ခဲ့ပါတယ် ။ စစ်ရေးပြလေ့ကျင့်နေတဲ့ အတွင်းမှာ မတော်တဆမှု
ဖြစ်ပွားပြီး လူ ၂၇ ယောက်သေနက်မှန်ပြီး သေခဲ့ပြီး ၆၈ ယောက်
အပြင်းအထန်ဒဏ်ရာ ရခဲ့ကြပါတယ် ။ တကယ်ကံဆိုးတာက
ချာချီမလာနိုင်လို့ ချာချီ ကိုယ်စား ကြီးမှုးပြီး ( ချာချီရဲ့ နေရာ )ရပ်
နေတဲ့ ဗိုလ်မှုးချုပ် ဂရန့် တေလာဟာ သေဆုံးခဲ့ရပါတယ်။
တကယ်လို့ ချာချီသာ သွားဖြစ်မည် ဆိုလျှင် ဒုတိယကမ္ဘာစစ်
လမ်းကြောင်းဟာ တစ်မျိုးဖြစ်သွားနိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။
နိုင်ငံခေါင်းဆောင်တစ်ယောက်က စိတ်အာရုံ ထင်မြင်မှုကို ယုံကြည်
ပါ့မလားလို့ ထင်စရာရှိပေမယ့် နိုင်ငံခေါင်းဆောင်တွေဟာများသော
အားဖြင့် ဒီကိစ္စများကို မယုံကြည်တောင် လက်တော့ခံကြပါတယ်။
ချာချီတင်မက ဒုတိယကမ္ဘာစစ် ၏အဓိကဇာတ်ကောင် ဟစ်တလာ
ပင်နက္ခတ်ဗေဒင်ကို လက်ခံရကြောင်းမှတ်တမ်းများရှိခဲ့ပါတယ်။
အထက်ပါ အကြောင်းအရာများကတော့ အိမ်မက် (သို့) အလိုအလျောက်သိ စိတ်အာရုံခံစားမှုကြောင့် ဖြစ်ပေါ်လာသော ထူးဆန်းအဖြစ်အပျက်အချို့ပါ။ နောက်များအခန်းများတွင် ထိုကဲ့သို့ ဆဋ္ဌမအာရုံ ဖြစ်ရပ်ဆန်းများကို ဆက်လက်တင်ပေးပါအုံးမည်။
Mar 17, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။