Wednesday, September 12, 2018

မက္ကစီကိုမှာ ငလျင်လှုပ်ပြီးနောက် နှစ် ၉၀၀ နီးပါးသက်တမ်းရှိ ဘုရားကျောင်း ရှာဖွေတွေ့ရှိ


မက္ကစီကိုမှာ ယမန်နှစ် စက်တင်ဘာလအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပိရမစ်တစ်ခု ထိခိုက်ပျက်စီး အခြေအနေကို သိရှိနိုင်ရန် စစ်ဆေးခဲ့ကြရာမှ နှစ်ပေါင်း ၉၀၀ နီးပါး သက်တမ်းရှိတဲ့ ရှေးခေတ်ဘုရားကျောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ရှေးဟောင်းသုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ဘုရားကျောင်းဟာ မက္ကစီကိုမြို့တော်တောင်ဘက် ၄၃ မိုင်အကွာ မိုရီလော့စ်ပြည်နယ်အတွင်းရှိ Teopanzolco ပိရမစ်အတွင်း တည်ရှိနေတာ ဖြစ်ပါတယ်။


အဆိုပါ ဘုရားကျောင်းဟာ ၁၁၅၀ ခုနှစ်မှဖြစ်ပြီး မက္ကစီကိုအလယ်ပိုင်းမှာ နေထိုင်ခဲ့ကြတဲ့ Aztec မျိုးနွယ်တစ်ခုဖြစ်တဲ့ Tlahuica လူမျိုးတို့နဲ့ သက်ဆိုင်နေကြောင်း သိရပါတယ်။
Copyright @ Burmese.asia

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...