Sunday, October 14, 2018

လေ ဆင်နှာမောင်း


လေ ဆင်နှာမောင်းဆိုတာကတော့ ကြီးမားတဲ့ မိုးတိမ်တောင်များမှတဆင့် ဖြစ်ပေါ်တတ်တဲ့ ပြင်းထန်သော မုန်တိုင်းမျိုးဖြစ်ပါတယ်။ မြေပြင် နဲ့ မိုးတိမ်တောင်အကြားကိုတော့ ရစ်ဝဲနေတဲ့ ဆင်နှာမောင်းပုံစံ လေဝဲကြီးနဲ့ ဆက်နွယ်ထားပြီး မြေပြင်ပေါ်မှာ ရှိသမျှ နေအိမ် တိုက်တာ အဆောက်အဦးများနဲ့ သစ်ပင်များကို စုပ်ယူ ဖျက်ဆီး နိုင်သော စွမ်းအားရှိပါတယ်..။

လေဆင်နှာမောင်း ဖြစ်ပေါ်နိုင်တဲ့ မိုးတိမ်တောင်(ကြီး) မျိုးကို Supercells လို့ ခေါ်ပါတယ်။ မြေပြင်မှ အမြင့်ပေ ၅၀၀၀ လောက်မှာ ပြင်းထန်တဲ့ လေတိုက်နှုန်းနဲ့ တိုက်ခတ်ပြီး၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပြစ်ခြင်း တို့လည်း ဖြစ်ပေါ်တတ်ပါတယ်။ လေဆင်နှာမောင်းဖြစ်ဖို့အတွက်ကတော့ အပူချိန်အပေါ်လည်း မူတည်ပါတယ်။


ပူတဲ့လေဟာ ပွလာပြီး အပေါ်ကို တက်ပါတယ်။ ပြင်းထန်တဲ့အပူချိန်ဟာ မြေပြင်လေကို အပေါ်သို့ အားတစ်ခုဖြင့် တက်စေပါတယ်။ မိုးတိမ်တောင်မှာကလဲ လေအေးကြောက ပြင်းထန်စွာ (အထက်အောက်) စီးဆင်းနေတဲ့အတွက် ဆန်တက်လာတဲ့လေပူတွေဟာ လျှင်မြန်စွာရွေ့လျားပြီး မိုးတိမ်တောင် အခြေကို စိုထိုင်းစ များလာစေပါတယ်။

ထိုအခါမှာတော့ ဆုံချက် ကျတဲ့နေရာမှာ စပြီး လေဟာ ရစ်ဝဲ ပုံစံ လည်ပါတ်လာပါတယ်။ တဖြည်းဖြည်းနဲ့ ရစ်ဝဲဟာ ဆင် နှာမောင်းပုံသဏ္ဍာန် အဖျားရှူးပြီး အောက်ကို ဆင်းလာပါတော့တယ်..။ ဒါကို Mesocyclone လို့ ခေါ်ပါတယ်။ နှာမောင်းရဲ့ အပြင်လေဟာ အောက်ကို စိုက်ဆင်းပြီး အတွင်းပိုင်းလေကတော့ အထက်ကို ရစ်ဝဲပြီး တက်ပါတယ်။ လေတိုက်နှုန်းဟာ တည်ငြိမ်မှုမရှိပေမယ့် အဆမတန် ကြီးမားပါတယ်။

လေဆင်နှာမောင်းအတွင်းမှာ တိုက်ခတ်တဲ့လေကို ဖူဂျီတာ စကေး (Fujita Scale) နဲ့ တိုင်းတာကြပါတယ်။ ပုံမှန်အားဖြင့် လေတိုက်နှုန်း ၁၀၀ အတွင်းသာရှိတတ်ပြီး.. သိပ် ပြင်းထန်လျှင်တော့ တစ်နာရီကို မိုင် ၂၀၀ ကျော်နှုန်းလောက်အထိ တိုက်ခတ်နိုင်ပါတယ်။ (နောက်ဆုံးပုံ)
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...