Tuesday, January 3, 2017

စုံတွဲဝတ်စုံတွေကို ၅၂ နှစ်အတွင်း နေ့တိုင်းဝတ်ဆင်တဲ့ အဘိုးအဘွား စုံတွဲ

အသက်အရွယ်ရနေပေမယ့်  ၅၂ နှစ်အတွင်း အရောင်တူတဲ့ စုံတွဲဝတ်စုံ အတူဝတ်ခဲ့ကြတယ်လို့ မြေးဖြစ်သူ က ပြောပါတယ်။

Anthony Gargiula က စုံတွဲအ၀တ်အစားတွေကို ၀တ်ဆင်ထားတဲ့ သူ့ရဲ့ အဘိုးအဘွား ဓါတ်ပုံတွေကို Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပြီး အဘိုးနဲ့ အဘွားက လက်ထပ်ခဲ့တဲ့ သက်တမ်း ၅၂ နှစ်မှာ နေ့တိုင်း စုံတွဲအ၀တ်အစားတွေကို ၀တ်ဆင်ကြတယ်လို့ လည်း ရေးသားထားပါတယ်။

ခုချိန်မှာဆိုရင် အဘိုးဖြစ်သူ Ed ဟာ အသက် ၇၆ နှစ် နဲ့ အဘွားဖြစ်သူ Fran ဟာ အသက် ၇၄ နှစ် ရှိပြီဖြစ်ပါတယ်။ အပေးအယူမျှတဲ့အကသမားတွေဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက်က သူတို့ အစဉ်အလာကို နေ့စဉ်ဘ၀မှာပါ အသုံးပြုပြီးနေခဲ့ကြတာပါ။
( Michelle )
Credit:သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : Ace

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...