
နှစ်စဉ်ဖေဖော်ဝါရီလတိုင်း ကျင်းပပြုလုပ်လေ့ရှိသည့် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျက်ပြည်နယ် အရှေ့ပိုင်း ကီလာရွိုင်ပူဒေသရှိ အိန္ဒိယကျေးလက် အိုလံပစ်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၄ရက်နေ့မှ စတင်၍ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သတင်းများအရ သိရသည်။
အဆိုပါ အိုလံပစ်ပြိုင်ပွဲတွင် ထွန်စက်ဖြင့် အနင်းခံခြင်း၊စက်ဘီးများကို သွားပေါ်တွင် တင်၍ထိန်းခြင်း၊ နွားသိုးလှည်းပြိုင်ပွဲ၊ မြင်းအကပြိုင်ပွဲများ အပါအ၀င် အခြားပျော်ပွဲရွှင်ပွဲများ ထည့်သွင်း ယှဉ်ပြိုင်စေလေ့ရှိသည်။ထိုကျေးလက်အိုလံပစ် ပြိုင်ပွဲများကို နှစ်၆၀ကျော်အတွင်း အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့၍ နှစ်စဉ် လူလေးသောင်းကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာရောက်အားပေးသူ ပရိသတ်မှာ တစ်သန်းကျော်ရှိကြောင်း သတင်းများအရသိရသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။