
ယမုံနာမြစ်ကမ်း အနီးရှိ တာ့ဂ်ျမဟာ အဆောက်အအုံကဲ့သို့ အနုပညာ လက်ရာမြောက်သည့် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ရာဂျာပန်ပြည်နယ် အဘေနီရီ ကျေးရွာအနီးရှိ ပေ၁၀၀ကျော်နက်သော နှစ်ပေါင်း ၁၂၀၀သက်တမ်းရှိ ရေတွင်းကို အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များ နှစ်ခြိုက်လျက်ရှိကြောင်း သိရသည်။ ဟိန္ဒူအနုပညာ လက်ရာဖြစ်သော အဆိုပါရေတွင်းကြီးကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀၀ကျော်က ဆောက်လုပ်ခဲ့ပြီး လှေကားထစ်ကျော်ပေါင်း ၃၅၀၀ကျော်ပါရှိသည်။ အဆိုပါရေတွင်းသည် မြေအောက်စိမ့်ရေနှင့် ဆက်စပ်လျက်ရှိပြီး ၁၂လရာသီ ရေမပြတ်ရရှိသည့်အပြင် ရေသည်အစဉ် အေးမြလျက်ရှိပြီး သေသပ်ကျနသော ရှေးခေတ် ဗိသုကာလက်ရာများကိုလည်း တွေ့မြင်နိုင်သည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။