
ဂူသင်္ချိုင်းများ ပါဝင်သော ရှေးဟောင်း ပိရမစ် ၃၅ခုကို ဆူဒန်နိုင်ငံ ဆီဒီအင်ဂါဒေသတွင် ရှာဖွေတွေ့ရှိခဲ့သည် ဟုသိရသည်။ အဆိုပါပိရမစ်များ၏ သက်တမ်းမှာ နှစ်ပေါင်း၂၀၀၀ ကျော်ကြာပြီဖြစ်သည်။ ဆူဒန်ဘုရင် ကက်ရှ်လက်ထက်က တည်ဆောက်ခဲ့သည့် အဆိုပါပိရမစ်များ၏ ဗိသုကာပညာမှာ လွန်စွာအဆင့်မြင့်သည်။
ရှေးဟောင်းသုတေသီ ဗင်းဆင့်၏အဆိုအရ အဆိုပါပိရမစ်များသည် လွန်စွာခိုင်ခံ့ပြီး နောက်ထပ်ရာစုနှစ် များစွာတည်တံ့နေဦးမည် ဟုသိရသည်။ မကြာသေးမီက တူးဖော်တွေ့ရှိခဲ့သည့် ပိရမစ်များထဲမှ အကြီးဆုံးပိရမစ်ကြီး၏ အုတ်မြစ်သည် ၂၂ပေ(၇မီတာ)မျှ ကျယ်ပြန့်သည်။အဆိုပါ ပိရမစ်ကြီးထဲတွင် မြှုပ်နှံထားသည့် ကလေး၏ ရုပ်အလောင်းမှာ လက်မ၃၀ (၇၅၀မီလီမီတာ) မျှရှိသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။