
အလွန်တွေ့ရခဲသည့် သက်တံစက်ဝန်းတစ်ခုလုံး၏အလှကို ဘယ်လ်ဂျီယံနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးက ဇမ်ဘီယာနိုင်ငံ ဗစ်တိုးရီးယား ရေတံခွန်အနီးတွင် တွေ့ရှိရ၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ အသက် ၄၂နှစ်အရွယ်ရှိ နီကိုလီသည် ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ရှေ့နေအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင်ပြီး အားလပ်ရက်တွင် အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံသို့ အလည်အပတ်သွားရောက်စဉ် ထိုသက်တန့် အလှဓာတ်ပုံကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဗစ်တိုးရီးယား ရေတံခွန်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေတံခွန် တစ်ခုဖြစ်ပြီး နေရောင်ကြောင့် ဖြစ်ပေါ်လာသော သက်တံစက်ဝန်း၏ အလှကိုကြည့်ရှု့ခံစားနိုင်သည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။