Monday, February 11, 2013

ထူးခြားဆန်းပြား ဖားဝါလေးများ


အင်္ဂလန်နိုင်ငံ ဒါဘီရှိုင်းယားပြည်နယ်၌ နှင်းများထူထပ်စွာ ဖုံးနေသော လမ်းကြားကလေး တစ်ခုတွင် ထူးခြားဆန်းပြား ဖားဝါလေးများကို စတီဗင်အက်ကင်ဆိုသူက စတင်တွေ့ရှိခဲ့သည်။ ထို့နောက် စတီဗင်က ထူးခြားဆန်းပြား ဖားဝါလေးများ အကြောင်းကို ဇနီးသည်ကို ပြန်လည်ပြောပြရာ ဇနီးသည်က လိုချင်သည် ဆိုသောကြောင့် ဖားဝါလေးများကို အိမ်သို့ယူဆောင်လာပြီး ရေဖလားထဲ ထည့်ထားသည်။
လမ်းပေါ်မှာ လျှောက်သွားနေသော ဖားဝါလေးများကို အိမ်သို့ယူဆောင်လာပြီး နောက်ပိုင်းမှာ ဖားဝါလေးကောင်တွင် တစ်ကောင် သေဆုံးသွားသည်။ ထို့ကြောင့် သူတို့ဇနီးမောင်နှံက အဆိုပါ ဖားဝါလေးများကို အမျိုးသားသမိုင်းပြတိုက်၊ လန်ဒန်သတ္တဗေဒ အဖွဲ့အစည်းနှင့် ဒါဘီရှိုင်းယား တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များသို့ ပေးပို့ခဲ့သည်။ လန်ဒန်တိရိစ္ဆာန်ဥယျာဉ်မှ သတ္တဗေဒကျွမ်းကျင်သူများက အဆိုပါဖားလေးများသည် အာဖရိက ဖားမျိုးနွယ်ဝင်များ ဖြစ်နိုင်ပြီး ၎င်းတို့သည် နှစ်ပေါင်း ၃၀အထိ ရှင်သန်နေထိုင်နိုင်ကြသော ဖားလေးများဖြစ်သည် ဟုကောက်ချက် ချထားသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...