ကမ္ဘာတလွှားတောင်ပေါ်လမ်းများ(၁)ကိုတင်ပေးပြီးနံပါတ်(၂)ကိုတင်ဖို့ 
တော်တော်ကြာသွားပါတယ်။အခုတော့ ထပ်ပြီးတော့ရှာပြီးတင်ပေးလိုက်
ပါတယ်.......
(၇)တရုတ်နိုင်ငံမှ Guoliang Tunnel Road ကစိတ်ကူးယဉ်ဆန်ပါတယ်။
ဒီလမ်းဟာ Taihang တောင်မှာတည်ရှိပြီး ၁၃ ရွာရဲ့ မျိုးနွယ်စုခေါင်း
ဆောင်တွေကဦးစီးတည်ဆောက်ခဲ့ကြတာပါ။ရှုပ်ထွေးမှုများစွာနဲ့ ပဲ
ငါးနှစ်ပတ်လုံးတည်ဆောက်ခဲ့ကြရတာပါ။ရွာသားများစွာဟာဒီဥမင်
လှိုဏ်ခေါင်းတည်ဆောက်ရင်း မတော်တဆမှုများကြောင့် အသက်ဆုံး
ရှုံးခဲ့ကြပါတယ်။၁၉၇၇ ခုမေလ (၁)ရက်မှာတော့အောင်မြင်စွာဖွင့်လှစ်နိုင်
ခဲ့ပါတယ်။1200 m ရှည်ပြီး 5 m မြင့်ကာ 4 m ကျယ်ပါတယ်။
(၈)ထိုင်ဝမ်မှ Taroko Gorge Road လမ်းပါ။
ဒီလမ်းလဲ ဥမင်လှိုဏ်ခေါင်းလေးပါပါတယ်။လည်ပတ်ချင်စဖွယ်
ကောင်းလို့ လဲ ကမ္ဘာလှည့်ခရီးသွားတွေ ကိုဖိတ်ခေါ်တဲ့နေရာလေး
ပါ။
(၉)အီတလီမြောက်ပိုင်းမှ Pasubio (Vicenza) လမ်းပါ။
ဒီလမ်းကတော့ရှေးဟောင်းတောလမ်းလေးပါ။ဒီးလမ်းဟာဆိုင်ကယ်
နဲ့ ကားများအတွက်အကျိုးများမှုကိုတော့ ယုံမှားဖွယ်မရှိပါဘူး။
မတော်တဆမှုတွေများစွာဖြစ်လောက်အောင် ကိုလမ်းကကျဉ်း
မြောင်းပြီး ချောပါတယ်။ကျောက်ထရံ နှင့် ချောက်ကမ်းပါးများဟာ
လဲထူပြောလှပါတယ်။ဒါပေမယ့် သဘ၀ရှုခင်းတွေကတော့ ခရီးသွား
တွေအတွက် ရင်သက်ရှုမောဖြစ်ကြရပါတယ်။
(၁၀)ဖိလစ်ပိုင် မှ Halsema လမ်းမပါဗျာ...
ဒီလမ်းမဟာ ဖိလစ်ပိုင်နိုင်ငံ ရဲ့ အလယ်ပိုင်းချိုင့်ဝှမ်းတောင်ကြား
တွေကိုဖြတ်ပြီးတည်ရှိပါတယ်။မိုင် 150 ရှည်ပြီး မတော်တဆမှု
တွေမဖြစ်ရအောင် အစီအမံတွေ များစွာလုပ်ထားရပါတယ်။
(၁၁)နော်ဝေ နိုင်ငံမှ မြွေလိမ်မြွေကောက် Trollstigen တောင်ပေါ်လမ်း
တကယ်ကိုမြွေလိမ်မြွေကောက် လမ်းများစွာနဲ့ တည်ဆောက်
ထားတာပါ။ကြည့်ယုံနဲ့ တင်အသဲယားဖို့ ကောင်းတဲ့ လမ်းတစ်ခု
ပါဗျာ...
စာနဲနဲရှည်သွားလို့ ဒီလောက်နဲ့ ခဏဖြတ်ထားပြီးနောက်အပိုင်းများ
ကိုဆက်လက်တင်ပေးပါမယ်။ဒီလောက်ဆိုရင်ဆိုဒ်အဟောင်းမှာတုံးက
တောင်းဆိုထားတဲ့ ညီငယ်တွေ ကျေနပ်မှာပါ......
အတွဲ(၁)ရဲ့  link ကတော့ http://naykhayan.blogspot.com/2012/06/blog-post_4959.html
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ပါစေ..........နေခရမ်း
9/19/2012, 11:10 AM မှပိုစ့်အားပြန်လည်ပြင်ဆင်တင်ပြပါသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။