
နှာခေါင်းမှ အမြီးဖျားအထိ လေးပေခန့် ရှည်လျားသော အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် ရီနိုမြို့မှ ဂင်းနက်စ်စံချိန်ဝင် ကမ္ဘာ့အလျား အရှည်ဆုံးကြောင်သည် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ စတီဝီအမည်ရှိ ယင်းကြောင်သည် ၂၀၁၀ပြည့်နှစ် သြဂုတ်လတွင် ၄၈ဒသမ၅လက်မဖြင့် ကမ္ဘာ့အလျားအရှည်ဆုံး ကြောင်အဖြစ် ဂင်းနက်စ် စံချိန်တင်ခဲ့သည်။စတီဝီကွယ်လွန်ချိန်တွင် အသက်ရှစ်နှစ်ရှိပြီဖြစ်သည်။၎င်းကွယ်လွန်မှုနှင့် ပတ်သက်၍ အင်တာနက် စာမျက်နှာတွင် ၀မ်းနည်းကြောင်း စာသားများနှင့် အထိမ်းအမှတ် ပစ္စည်းများပေးပို့ခဲ့ကြောင်း ကြောင်ပိုင်ရှင်ဖြစ်သူ ရိုဘင်ဟန်ဒရစ်ဆွန်က ပြောကြားသွားခဲ့သည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။