
သူငယ်ချင်းတို့ကို အလွန်ကိုမှ ကြိုးစားယှဉ်ပြိုင်ရတဲ့ အားကစားပွဲတစ်ခုကို
တင်ပြပေးချင်ပါတယ်။ ဒါကတော့ အခုအခါမှာ ကမ္ဘာ့နိုင်ငံတော်တော်များများ
ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိကြတဲ့ Wife Carrying World Championship ဆိုတဲ့
ကိုယ့်ရဲ့ဇနီးမယား ကိုသယ်ဆောင်ပြေးရတဲ့ ပြိုင်ပွဲတစ်ခုပါ။
အမေရိကန်မှာတော့ ဆန်းဒေးရေးဗား က မိန်းအပန်းဖြေစခန်းမှာ နှစ်စဉ်
အောက်တိုဘာလရောက်တိုင်း ကျင်းပလေ့ရှိပါတယ်။

ပိန်ပိန်ပါးပါးမိန်းကလေး ရထားရင် သက်သာမှာပေါ့လို့တော့မထင်ပါနဲ့။
ဘာ့ကြောင့်ဆို ဆုပေးတဲ့အခါ အဲဒီမိန်းမရဲ့ကိုယ်အလေးချိန် ရဲ့ (၅)ဆနဲ့ညီမျှတဲ့
ငွေကြေးပမာဏကို ဆုချီးမြှင့်လို့ပါ။အနိမ့်ဆုံးကိုယ်အလေးချိန်ကိုလည်း
၄၉ ကီလိုဂရမ်လို့သတ်မှတ်ထားပါတယ်။

ဒီပြိုင်ပွဲကို ဖင်လန်နိုင်ငံမှာ စတင်ကျင်းပခဲ့ကြတာပါ။
မိန်းမဖြစ်သူကိုသယ်ဆောင်ပြေးတဲ့အခါမှာ ပုံစံအမျိုးမျိုးနဲ့ သယ်ပြေးကြပါတယ်။
ဒါတွေကတော့ ကုန်းပိုးပြီးသယ်ခြင်း၊

မီးသတ်သမားတွေသယ်တဲ့နည်းအတိုင်း သယ်ခြင်း၊

ပွေ့ချီးပြီးသယ်ခြင်းနှင့် အများဆုံးနှင့် စနစ်အကျဆုံးသယ်ပြေးကြပုံကတော့
အက်စတိုးနီးယန်းပုံစံ (estonian style) သယ်ဆောင်ပြေးကြပါတယ်။

ဒီပုံစံမျိုးက မိန်းမဖြစ်သူက ခြေထောက်တွေကို ခင်ပွန်းရဲ့ပခုံးပေါ်မှာ တင်ထားပြီး
ခါးကိုဖတ်ထားရင်း ဇောက်ထိုးပုံစံဖြင့်ပြေးတဲ့ပုံစံပါ။အတော်လေးတော့ကိုးလို့ကန်လန့်
နိုင်တယ်လို့ထင်ရတယ်နော်။
ဝင်ပြိုင်တဲ့အမျိုးသမီးရဲ့အသက်ကို အနည်းဆုံး ၁၇ နှစ်လို့သတ်မှတ်ထားပါတယ်။
အမျိုးသမီးတွေကို ပြုတ်ကျလျှင် အန္တရာယ်ကင်းအောင် ဟဲမက် ဦးထုတ်ဆောင်း
ကြရပါတယ်။ ပြေးတဲ့အခါမှာလည်း လမ်းဖြောင်းလမ်းကောင်းကောင်းကို ပြေးရတာမျိုး
မဟုတ်ပါဘူး။ အကွားအဝေး 253.5 မီတာသတ်မှတ်ထားပြီး ၁ မီတာရောက်တိုင်း
ကုန်းမြေအခက်အခဲ နဲ့ ရေပြင် အခက်အခဲတွေကိုကျော်ဖြတ်ရပါတယ်။




တောင်တက်ခရီးတစ်ခုနဲ့ ပြေးပွဲကိုစရပြီး ခါးအထိနက်တဲ့ရေထဲမှာဖြတ်ပြေးရတာတွေပါ
ပါဝင်ပါတယ်။

အခက်အခဲတွေကြောင့်ပြေးရင်းလဲကျတာတွေလည်း ဖြစ်ကြရတာပါပဲ။



လည်းပင်းများညှစ်သတ်နေတဲ့အတိုင်းပဲနော်။ ရေထဲပြေးတဲ့အခါမှာလည်း
မိန်းမဖြစ်သူ အနေမတက်ရင် ရေနှစ်သတ်နေသလို ပါပဲ။
ဆုရတဲ့အခါကျရင်တော့လင်မယား နှစ်ယောက်လုံးကို ဂုဏ်ပြုပေးအပ်ပါတယ်။

နေခရမ်းတို့ကတော့ ဒီလိုပွဲမျိုး ဘယ်တော့မှဝင်ပြိုင်လို့ရမှာမဟုတ်ပါဘူး။
အဟီးးးးပြိုင်လည်းရှုံးမှာပါပဲ။သူငယ်ချင်းတို့အတွက် ကာတွန်းပုံလေးနဲ့
နှုတ်ဆက်ပါတယ်....

သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ.............. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။