ယခုတင်ပြပေးချင်တာက ကမ္ဘာမြေကြီး၏ အောက်မှာ ရှိတဲ့ လှပလှတဲ့
ရေတံခွန်တွေ အကြောင်းပဲဖြစ်ပါသည်။ Underground Waterfalls လို့ခေါ်တွင်
ကြတဲ့ ဒီရေတံခွန်တွေဟာ တကယ်တော့ မြေအောက်လှိုဏ်ဂူတွေထဲမှာ
တည်ရှိကြတာဖြစ်ပါသည်။ ကမ္ဘာမြေအောက် ကျောက်လွှာတစ်ခုမှတစ်ခုကြား
တည်ရှိနေတဲ့ သဘာဝစမ်းချောင်းများ စီးဆင်းရာမှ ဖြစ်ပေါ်လာကြတာဖြစ်ပြီး
တစ်ချို့ကတော့ အပြင်မှ မြစ်ချောင်းများမှ လှိုဏ်ဂူအတွင်း စီးဝင်ရင်း ဖြစ်ပေါ်လာကြခြင်းပါ။
နေခရမ်းဆိုဒ်၏ထုံးစံအတိုင်း ထူးခြားလှပသော မြေအောက်ရေတံခွန် ၁၀ ခုကို
စုစည်းတင်ပြပေးပါ့မည်။ အားပေးကြပါအုံးနော်…
၁ ။ Waiahuakua Sea Cave, Hawaii, USA

Waiahuaku ဟု သိကြတဲ့ ဒီရေတံခွန်ဟာ အမေရိကန်ပြည်ထောင်စု ၊ ဟာဝိုင်အီ ကျွန်းမှာ
တည်ရှိပါတယ်။ ဒီရေတံခွန်တည်ရှိရာ လှိုဏ်ဂူဟာ ကမ္ဘာဒုတိယအရှည်ဆုံး ပင်လယ်
လှိုဏ်ဂူ ဖြစ်ပါတယ်။ တံခါးနှစ်ပေါက် လှိုဏ်ဂူဟုလည်းခေါ်ကြပါတယ်။လှိုဏ်ဂူဟာ
၁၁၅၅ ပေ ရှည်ပါတယ်။
၂ ။ Ruby Falls, Tennessee, USA

ဒီရေတံခွန်ကတော့ ကမ္ဘာကျော်ထင်ရှာတဲ့ ရေတံခွန်ပဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ Tennessee ပြည်နယ် Lookout တောင်ရဲ့ အတွင်း ၊
ကမ္ဘာမြေအောက် ၁၁၂၀ ပေ မှာ တည်ရှိပါတယ်။ အမေရိကန်နိုင်ငံတွင် အမြင့်ဆုံး
မြေအောက် ရေတံခွန်ဖြစ်ပြီး ၁၄၅ ပေခန့် ရှိပါသည်။ဒီရေတံခွန်ဟာ တောင်ပေါ်မှ
မိုးရွာသွန်းသောရေများနှင့် သဘာဝ စိမ့်စမ်းများကို တောင်ခြေမှာရှိသော
Tennessee မြစ်နှင့် ဆက်သွယ်ပေးသော ရေတံခွန်ဖြစ်ပါတယ်။

၃ ။ Thunderhead Falls, South Dakota, USA

အမေရိကန် နိုင်ငံ တောင် ဒါကိုတာမှာတည်ရှိတဲ့ ဒီမြေအောက်ရေတံခွန်၏
ထူးခြားချက်ကတော့ ရေကျ အလွန်ကို ပြင်းပါတယ်။ ရေကျသံများကို ဆူညံစွာ
ကြားရတတ်ပါတယ်။ မြေအောက် ပေ ၆၀၀ ခန့်မှာ ရှိပါတယ်။
၎ ။ La Grotte aux Fees, Valais, Switzerland

ဆွစ်ဇာလန်နိုင်ငံမှာတည်ရှိပြီး ကမ္ဘာအမြင့်ဆုံး မြေအောက်ရေတံခွန်တွေထဲမှာ
ပါဝင်နေပါတယ်။ ၂၄၀ ပေခန့်မြင့်ပါတယ်။


၅ ။ Złoty Stok, Poland

ဒီမြေအောက်ရေတံခွန်ကတော့ ပိုလန်နိုင်ငံ တွင် ၁၇ ရာစုလောက်ကတည်းက
တူးဖေါ်ခဲ့တဲ့ ရွှေမိုင်းတွင်း ၏ အထဲမှာတည်ရှိတာပါ။ ယခုအချိန်မှာတော့
ဒီရှေးဟောင်းနေရာ ဟာ အသုံးမပြုတော့သဖြင့် သွားရောက်လည်ပတ်ချင်သူများအနေ
ဖြင့် လည်ပတ်နိုင်ပါပြီ။

၆ ။ Gaping Gill, UK

ဗြိတိန်နိုင်ငံတွင် တည်ရှိတဲ့ ဒီမြေအောက်ရေတံခွန်ဟာ ကမ္ဘာ အမြင့်ဆုံးစာရင်တွေ
ထဲမှာ ပါဝင်နေသလို ဗြိတိန်နိုင်ငံမှာလည်း အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
၃၆၀ ပေအထိမြင့်ပါတယ်။ ဒီရေတံခွန်ရှိရာ လှိုဏ်ဂူဟာ ၄၇၅ ပေရှည်ပြီး
၈၂ ပေ ကျယ်ပါတယ်။

၇ ။ White Scar Cave, Yorkshire

ဗြိတိန်နိုင်ငံ မှာပဲ တည်ရှိနေပြီး ၁၉၂၃ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ကြပါတယ်။
၈ ။ Mine St Michel, Luxembourg

Luxembourg တွင် သံမဏိမိုင်းတွင်းအတွင်းမှာ တွေ့ရှိခဲ့ကြတာပါ။
ဒီမိုင်းတွင်းကို ၁၈၉၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်ကျမှ ပိတ်သိမ်း
ခဲ့တာပါ။

၉ ။ Smoo Cave, Scotland

ဗြိတိန် နိုင်ငံ၏ အကျယ်ဆုံး ပင်လယ်လှိုဏ်ဂူ အတွင်းမှာရှိတဲ့ ရေတံခွန်ပါ။
ဒီရေတံခွန်ရဲ့ရေတွေဟာ မိုးရေများပါဝင်နေသလို ပင်လယ်ရေတွေလည်း
ပါဝင်နေပါတယ်။ ဒီလှိုဏ်ဂူဟာ ၁၂၀ ပေကျယ်ပြီး ၄၅ ပေမြင့်ပါတယ်။


၁၀ ။ Natural Bridge, Springbrook Park, Australia

အလွန်ကို လှပပြီး လည်ပတ်ချင်စရာကောင်းလှတဲ့ ဒီမြေအောက်ရေတံခွန်
ကတော့ အပေါ်က ရေတံခွန်မှ လှိုဏ်ခေါင်းပေါက် ထဲကို တစ်ဆင့် ကျရင်း
ဖြင့် ဖြစ်ပေါ်လာတာပါ။



နေခရမ်း ဆိုဒ်မှာ ရေတံခွန်အောကာင်းများတော်တော်များများ တင်ပြပေးဖူး
ပါတယ်။ ကမ္ဘာအမြင့်ဆုံးရေတံခွန်များ အပါအ၀င် မြန်မာပြည်မှ ရေတံခွန်များကို
လည်းတင်ပြပေးဖူးပါတယ်။ အခုလည်းမြင်ရခဲတဲ့ မြေအောက်ရေတံခွန်များ
အကြောင်းကို စုစည်းတင်ပြပေးလိုက်ပါတယ်။နောက်နောင်လည်း ဆက်လက်
တင်ပေးပါအုံးမယ်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။