အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လမ်းမထက်၌ ပုံစံအမျိုးမျိုးဖြင့် ကြီးမားလှတဲ့ မိုးပျံပူဖောင်းကြီးများကို လူအများမှ ထိန်းကျောင်းလှည့်လည်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် Macy ရဲ့ ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် ထိုကဲ့သို့ လှည့်လည်ပွဲကို ကျင်းပခဲ့သည်မှာ ၉၃ ကြိမ်မြောက် ရှိလာပါပြီ။
ထိုစည်ကားလှတဲ့ ပွဲတော်ကြီးကို ရိုးရာအထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ၁၉၂၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မိုးပျံပူဖောင်းများထည့်သွင်း လှည့်လည်ပြသခြင်းကိုတော့ ၁၉၂၇ ခုနှစ်တွင် စတင်ခဲ့ပါတယ်။
နောက်ပိုင်းနှစ်များတွင် ခေတ်နဲ့အညီ သီဆိုဖျော်ဖြေ ကခုန်ကြရင်း ပျော်ရွှင်ဖွယ် စီတန်းလှည့်လည်ကြပါတယ်။
လူအများမှ တပျော်တပါး ပါဝင်ဆင်နွဲလေ့ရှိပြီး ၂၀၁၉ ခုနှစ်တွင် လူ ၃ သန်းကျော် လာရောက်ဆင်နွဲခဲ့ကြပါတယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .....နေခရမ်း
နေခရမ်း....
|
Sunday, January 5, 2020
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။